By Bala / MPA
ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ နောင်လှိုင်ကျေးရွာနေပြည်သူများကို စစ်ကောင်စီတပ်၏ လေကြောင်းရန် စိုးရိမ်ရသဖြင့် ဘေးကင်းရာသို့ ယာယီရွှေ့ပြောင်းနေထိုင်နေရန် အသိပေးထားကြောင်း သိရသည်။
ဇန်နဝါရီ ၂၅ရက်တွင် ဖယ်ခုံမြို့နယ်ရှိ နောင်လှိုင်ကျေးရွာတွင် ပြည်သူများခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာခံများစုပေါင်းကာ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး ဘေးကင်းရာအရပ်သို့ ယာယီရွှေ့ပြောင်းနေထိုင်
ရန် လိုအပ်သည်ဟု အသိပေးခဲ့ကြောင်း နောင်လှိုင်ကျေးရွာနေ စစ်ရှောင်တစ်ဦးက ပြောသည်။
“ ဒေသခံတွေနဲ့ စစ်ရှောင်တချို့ကတော့ ညဆို တောင်ပေါ်သွားအိပ်ကြတယ်။ရွာထဲမှာ မနေကြဘူး ပေါ့။ မရှောင်တဲ့ စစ်ရှောင်တွေလည်းရှိတယ်။ပြေးစရာမြေလည်း မရှိတော့တာပါတာ ပေါ့” ဟု ၎င်းက ပြောသည်။
ဇန်နဝါရီ ၂၆ရက်တွင် နောင်လှိုင်ကျေးရွာအနီးရှိ ရေပူရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး လေးလုံး ပစ်ခတ်ခဲ့ရာ နေအိမ်နှစ်လုံးထိခိုက်ပျက်စီးခဲ့သည်။
လက်ရှိတွင် နောင်လှိုင်ကျေးရွာ၌ ရွာခံအနည်းငယ်နှင့် စစ်ဘေးရှောင်အများစု နေထိုင်နေကြပြီး နေအိမ်များ၌ ဗုံးခိုကျင်းများတူးကာ အရေးကြီးသည့် စာရွက်စာတမ်းနှင့် ပစ္စည်းများအား အသင့်ထုပ်ပိုးထားကြောင်း သိရသည်။