မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်ဘေးရှောင် ၉၀၀ကျော်ကို ရိက္ခာနှင့် ငွေလှူဒါန်းခဲ့ကြောင်း OAK AWE UG (Salay) မြို့ပြပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ကိုဥဩက ပြောသည်။
“ စစ်ရှောင်ခန့်မှန်းခြေ စာရင်းကောက်ခံရရှိထားတာ ကိုးရာကျော်၊ အိမ်ထောင်စု ၁၉၀ ကျော်ကို သွားရောက်လှုဒါန်းခဲ့တာပါ။ တစ်အိမ်ထောင်စု ကြက်သွန်းတစ်ပိသာ၊ ငွေတစ်သောင်းကျပ်နှုန်း အကုန်လုံးလှူခဲ့တာ” ဟု ကိုဥဩက ပြောသည်။
နော်ဝေ CRPH အဖွဲ့၊ ကိုရီးယားမြန်မာလူငယ် JSS groupအဖွဲ့နှင့် စင်ကာပူ အလှူရှင်တစ်ဦးတို့၏ လှူဒါန်းငွေများကို OAK AWE UG SALAY အဖွဲ့က ဦးဆောင်ကာ မဟာမိတ်တပ်ပေါင်းစုများနှင့်အတူ မတ်လ ၅ရက်နေ့က ဆိပ်ဖြူမြို့နယ်နှင့် ပေါက်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများထံ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
“ ပြည်သူတွေက လက်ရှိစစ်ရှောင်နေတဲ့ နေရာမှာပဲ။အဲ့က ကလေးငယ်တွေရဲ့ ကြားကာလ ပညာသင်ရေးက ရှိပေမယ့် ဒီထက်ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေ ဖော်ဆောင်ပေးဖို့ ကြိုးပမ်းနေပါတယ်” ဟု ကိုဥဩက ပြောသည်။
လက်ရှိတွင် ပေါက်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်လျက်ရှိသည်။