• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
23 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ငလျင်အလှူငွေ ကျပ်ဘီလျံသိန်းနှင့်ချီ ရရှိထားသော်လည်း မန္တလေးတွင် သေဆုံးသူ တစ်ဦး ၁၈ သိန်းနှင့် စစ်ကိုင်းတွင် တစ်ဦး ၁၀ သိန်းစီသာ စစ်ကောင်စီထောက်ပံ့

Thar Nge Lay by Thar Nge Lay
Apr 29, 2025
in ငလျင်ဘေး
0
0
ငလျင်ကြီးလှုပ်ခတ်မှု တစ်လပြည့်ပြီဖြစ်သော်လည်း အမှန်တကယ်ထိခိုက်ခံစားရသူများထံ လှူဒါန်းမှုများမရောက်ဟုဆို

Photo - MPA

Share on FacebookShare on Twitter

By Mg Dagon / MPA

ပြင်းအားမြင့်ငလျင်ကြောင့် ပျံလွန်/ကွယ်လွန်ခဲ့ရသည့် မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့အတွင်းရှိ ကျန်ရစ်သူမိသားစုဝင်များထံ ယမန်နေ့ (ဧပြီလ ၂၈ ရက်)တွင် ထောက်ပံ့မှုများစတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြည်တွင်းနှင့် နိုင်ငံတကာအလှူရှင်များထံမှ ကျပ်ဘီလျံသိန်းချီနှင့် နိုင်ငံခြားငွေ သန်းချီသည့်အလှူငွေများရရှိထားသည်ဟု ဒုစစ်ခေါင်းဆောင်၏ ဧပြီလ ၂၅ ရက်နေ့က အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် ပြောကြားချက်အရ သိရသည်။

ထိုငွေများအတွင်းမှ ထောက်ပံ့ငွေနှင့် ပစ္စည်းပေးအပ်ပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံအားကစားခန်းမနှင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိ နှစ် ၇၀၀ ပြည့် အားကစားခန်းမတွင်ပြုလုပ်ခဲ့သည်။

မန္တလေးမြို့က သေဆုံးခဲ့ရသူ ၂၁၅၂ ဦးအတွက် တစ်ဦးလျှင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီက ‌ကျပ် ၁၀ သိန်း၊ တိုင်းအစိုးရအဖွဲ့က ကျပ် ငါးသိန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကျပ် သုံးသိန်း စသဖြင့် စုစုပေါင်း ကျပ် ၁၈ သိန်းနှုန်းဖြင့် ကျပ် ၃ ဒသမ ၈၇၃ ဘီလျံကျော် ထောက်ပံ့ပေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ထို့အပြင် မန္တလေးတိုင်းအတွင်း ငလျင်ဘေးသင့်သူ ၁၃၇,၀၈၁ ဦးကို တစ်လစာအတွက် တန်ဖိုး ကျပ် ၇ ဒသမ ၂၆ ဘီလျံနီးပါးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိတို့ကို ထောက်ပံ့ပေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

“မရှိတဲ့သူတွေလောက်ပဲ သွားယူကြတာပါဗျာ။ သူတို့ထုတ်ပြန်ထားတဲ့ပုံတွေထဲမှာ ကြည့်လိုက်တာနဲ့ကို သိသာစေပါတယ်။ လူလတ်တန်းစားတွေက ဒီလောက်ငွေကို ယူဖို့ ရှက်ရွံ့ကြမှာပဲ။ ပိုဆိုးတာက တစ်သက်တာ ကင်မရာတွေထဲ ပါသွားမှာလေ။ နောက်မှ သွားယူတဲ့သူတွေကတော့ တစ်ကြောင်းပေါ့ဗျာ” ဟု ထိုအကြောင်းသိရှိထားသူ မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

နေအိမ်ပျက်စီးဆုံးရှုံးသွားရသူများအတွက် ပျက်စီးဆုံးရှုံးမှုကို စိစစ်နေဆဲဖြစ်သည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ် မျိုးအောင်က အဆိုပါအလှူငွေထောက်ပံ့ပွဲတွင် ပြောကြားသည်။

ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ သေဆုံးသူ ၅၄၆ ဦးအတွက် တစ်ဦးလျှင် ကျပ် ၁၀ သိန်းသာ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

“ထောက်ပံ့တယ်ဆိုတာ ကျနော်တို့တော့ မသိလိုက်ဘူး။ သွားတဲ့သူတွေလည်း သွားကြမှာပါ။ အခုပမာဏကတော့ တော်တော်နည်းပါတယ်” ဟု စစ်ကိုင်းမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ငလျင်ဒဏ်သင့် တော်လှန်ရေးအင်အားစုများစိုးမိုးနယ်မြေအတွင်းသို့ မည်သည့်အကူအညီမျှမရောက်ဘဲ ဖြစ်နေသည့်အတွက် အခက်အခဲတွေ့နေရသည်ဟု သိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ငလျင်ဘေးအတွက် ကနဦးသုံးစွဲရန်ဟုဆိုကာ မန္တလေးတိုင်းအတွက် ကျပ်ဘီလျံ ၆၀၊ စစ်ကိုင်းတိုင်းအတွက် ကျပ်ဘီလျံ ၅၀၊ နေပြည်တော်အတွက် ကျပ် ၁၀ ဘီလျံနှင့် ရှမ်းပြည်နယ်အတွက် ကျပ် ၅ ဘီလျံပေးအပ်ထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

သို့သော် ဧပြီလ ၂၄ ရက်နေ့အထိ စစ်ကောင်စီထံ ငလျင်ဘေးအလှူငွေ ကျပ် ၁၁၅,၈၇၆ ဘီလျံ၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်း၊ ကိုရီးယားဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် ၂ သန်းနှင့် စင်ကာပူဒေါ်လာ ၃၁၅၀ ရရှိထားပြီးဖြစ်သည်ဟု ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြီးခဲ့သည့်ဧပြီလ ၂၅ ရက်နေ့ကပြုလုပ်ခဲ့သည့် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် ပြောကြားထားသည်။

Tags: ငလျင်အလှူငွေစစ်ကိုင်းစစ်ကောင်စီထောက်ပံ့မန္တလေး
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

သဘာဝပတ်ဝန်းကျင်

မန္တလေး၌ မိုးရွာပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွား ငလျင်ဒဏ်ခံထားရသည့် နေအိမ်များ ပြိုကျမှုဖြစ်ပေါ်မည်ကို စိုးရိမ်နေ

May 10, 2025
မန္တလေး၌ မိုးရွာပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွား ငလျင်ဒဏ်ခံထားရသည့် နေအိမ်များ ပြိုကျမှုဖြစ်ပေါ်မည်ကို စိုးရိမ်နေ

By Myo Thiha/ MPA မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် လေပြင်းများတိုက်ခတ်မှုဖြစ်ပွားခဲ့သည့်အတွက် ငလျင်ဒဏ်ခံထားရသည့် ပြည်သူများသည် နေအိမ်များ ပြိုကျပျက်စီးမည်ကို စိုးရိမ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယနေ့(မေ ၁၀ရက်)၊ မွန်းလွဲ နှစ်နာရီ ၄၅မိနစ်အချိန်တွင်...

Read more
by Thar Nge Lay
0 Comments
Fact Check

စစ်တပ်ဗုံးကြဲမှုကြောင့် ဝန်းသိုတွင် ပြည်သူများစွာ သေဆုံးမှုအား PDF နှင့် KIA များ သေဆုံးဟု သတင်းအမှား ဖြန့်ဝေနေ

Apr 10, 2025
စစ်တပ်ဗုံးကြဲမှုကြောင့် ဝန်းသိုတွင် ပြည်သူများစွာ သေဆုံးမှုအား PDF နှင့် KIA များ သေဆုံးဟု သတင်းအမှား ဖြန့်ဝေနေ

By Wadi/MPA စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာ လေကြောင်းတိုက်ခိုက်မှုတွင် PDF နှင့် KIA အများအပြား သေဆုံးဆိုသည့် အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံလျက်ရှိသည်။ “Ka Ka Han” တယ်လီဂရမ်ချန်နယ်က ဧပြီ...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ငလျင်ဒဏ်အဆိုးရွားဆုံးခံရသည့် စစ်ကိုင်းနှင့် မန္တလေးတိုင်းအတွင်း လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှု စစ်ကောင်စီ ၃၆ ကြိမ်ပြုလုပ်ခဲ့ဟုဆို

Apr 10, 2025
ချောင်းဦးတွင် ညအချိန် စစ်တပ်ဗုံးကြဲ၊ အိမ်ထဲ၌ အိပ်နေသော မောင်နှမသုံးဦး သေဆုံး

By Ra Wai / MPA ငလျင်ဘေးဒဏ်အဆိုးရွားဆုံးခံရသည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ၃၆ ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။ မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် အင်းအားအလွန်ပြင်းထန်သည့် ငလျင်ဘေးဒဏ်ကြုံတွေ့ရပြီးနောက် တစ်ပတ်အတွင်း...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

တလုပ်မြို့ပေါ်စစ်တပ်ကို PDFဝင်စီး၊ စစ်သား ၂၅ဦးခန့် သေဆုံးဟုဆို

Feb 1, 2025
တလုပ်မြို့ပေါ်စစ်တပ်ကို PDFဝင်စီး၊ စစ်သား ၂၅ဦးခန့် သေဆုံးဟုဆို

By Ra Wai / MPA မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကို PDFတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား၂၅ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။ ယနေ့ (ဖေဖော်ဝါရီ တစ်ရက်) နံနက် ငါးနာရီဝန်းကျင်တွင် တလုပ်မြို့တောင်ခြမ်းရှိဂိတ်နှင့် ပြည်သူနေအိမ်နှစ်လုံး၌...

Read more
by MPA
0 Comments
သတင်း

မိုးကုတ်မှမန္တလေးသို့ စစ်ရှောင်များနေသဖြင့် ခရီးသည်တင်ယာဉ် ဌားရမ်းခ ကျပ်တစ်သိန်း ဈေးတက်

Jan 24, 2024
မြန်မာနိုင်ငံအတွင်းရှိ ဒေသအချို့ အချိန်အခါမဟုတ် မိုးရွာသွန်းမည်ဟုဆို

မိုးကုတ်မြို့မှ မန္တလေးသို့ နေရပ်စွန့်ခွာ စစ်ရှောင်သူများနေသောကြောင့် ခရီးသည်တင် ကားလေးတစ်စီး၏ ဌားရမ်းခမှာ ကျပ်တစ်သိန်း စျေးတက်သွားကြောင်း သိရသည်။ မန္တလေးတိုင်း၊မိုးကုတ်မြို့မှ မန္တလေးသို့ စစ်ရှောင်သူ များနေသောကြောင့် ခရီးသည်တင်ကားလက်မှတ်လည်း ကြိုဝယ်၍မရတော့ သလို ကားခစျေးနှုန်းပါနှစ်ဆနီးပါး မြင့်တက်သွားကြောင်း မိုးကုတ်...

Read more
by MPA CJ020
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In