• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
13 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ငလျင်ကြီးလှုပ်ခတ်မှု တစ်လပြည့်ပြီဖြစ်သော်လည်း အမှန်တကယ်ထိခိုက်ခံစားရသူများထံ လှူဒါန်းမှုများမရောက်ဟုဆို

Thar Nge Lay by Thar Nge Lay
Apr 28, 2025
in ငလျင်ဘေး
0
0
ငလျင်ကြီးလှုပ်ခတ်မှု တစ်လပြည့်ပြီဖြစ်သော်လည်း အမှန်တကယ်ထိခိုက်ခံစားရသူများထံ လှူဒါန်းမှုများမရောက်ဟုဆို

Photo - MPA

Share on FacebookShare on Twitter

By Mg Dagon / MPA

သမိုင်းဝင်ငလျင်ကြီးလှုပ်ခတ်မှုအတွက် လှူဒါန်းမှုများပြုလုပ်နေကြသော်လည်း ယနေ့ ဧပြီ ၂၈ ရက် တစ်လပြည့် သည်အထိ အမှန်တကယ်လိုအပ်နေသူများထံ ရောက်သင့်သလောက် မရောက်ရှိဘဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသူအများစုမှာ လူလတ်တန်းစားများဖြစ်သော်လည်း ပုဂ္ဂလိကလှူဒါန်းသူများနှင့် နိုင်ငံတကာက လှူဒါန်းမှုများသည် ၎င်းတို့ဆီမရောက်ရှိဘဲဖြစ်နေကြောင်း ထိုအကြောင်း လေ့လာသိရှိထားသူများထံမှ သိရသည်။

“အခု တကယ် ဒုက္ခရောက်နေတာ လူလတ်တန်းစားတွေပါ။ ပြိုတာက တိုက်တွေ။ ဘယ်ဆင်းရဲသားမှ တိုက်နဲ့ မနေနိုင်ဘူးလေ။ အရမ်းချမ်းသာတဲ့လူကျတော့ အိမ်တစ်လုံးပြိုတာ မက်မနေဘူး။ တခြား အသက်အန္တရာယ်ကင်းတဲ့နေရာ ပြေးပြီ။ လူလတ်တန်းစားကျတော့ ရှိတာမှ ဒါလေး ရှိတာကို ပစ်လည်း မပြေးနိုင်၊ အလှူခံရအောင်လည်း အနေအထားတစ်ခုအရ ရှက်တာရော ဘာရောညာရောနဲ့ ထုတ်မပြောရဲ၊ အခု မြင်နေရတဲ့ အလှူလက်ခံနေတဲ့ လူအများစုပေါ့လေ၊ Original ဆင်းရဲသူတွေ၊ ကျူးတွေပါ” ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ကြောင့် ကိုယ်တိုင်လှူမည့်သူများအနေဖြင့် သေချာလိုက်လံစုံစမ်းပြီးမှသာ လှူဒါန်းငွေနှင့် ပစ္စည်းများကို ပြုလုပ်စေလိုသည်ဟု ၎င်းက မှတ်ချက်ပြုသည်။

“ကျတော်ကတော့ တစ်ရက်နှစ်ရက် သေချာလေ့လာပြီးမှ ကိုယ်နိုင်သလောက် လိုက်ကူညီခဲ့တယ်။ ကိုယ်လည်း ဆုံးရှုံးမှုတွေနဲ့ဆိုတော့ အများကြီး မတတ်နိုင်ဘူး။ (ကျပ်သိန်း)သုံးလေးဆယ်ဖိုးလောက်ပဲ လိုအပ်တာ ဝယ်ခြမ်းလှူခဲ့တယ်” ဟု အဆိုပါအမျိုးသားက ပြောသည်။

ထို့အပြင် အလှူလက်ခံသူအချို့မှာလည်း လှူဒါန်းသမျှပစ္စည်းများကို အမှန်တကယ်မလိုအပ်ဘဲ လိုက်လံစုဆောင်းပြီး စွန့်ပစ်မှုများပြုလုပ်နေကြသည်ဟု ငလျင်ဒဏ်ခံဒေသများရှိ မျက်မြင်တွေ့ရှိသူများက ပြောသည်။

“ထမင်းထုပ်လှူတယ်။ သုံးယောက်လှူရင် သုံးခါယူတယ်။ ဟင်းလေးပဲယူပြီး ထမင်းတွေ ပစ်ထားခဲ့တာတွေ ရှိတယ်။ အဲဒီတော့ လှူတဲ့လူ အလကားဖြစ်ရော။ တန်းစီပြီး ယူတဲ့လူ အများစုကိုကြည့်လိုက် ဘယ်သူတွေဖြစ်မယ်ထင်လဲ။ ကျနော်တို့လို လူလတ်တန်းစားတွေက သူတို့နဲ့ တိုးဝှေ့ပြီး တန်းမစီရဲဘူးဗျ” ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

ထို့ပြင် အိမ်ပြိုသွားရသူအများစုတွင် အိုးခွက်ပန်းကန်များလိုချက်ရှိနေသည့်အတွက် ပေးလှူသင့်သည်ဟု မန်းမြို့ခံ ကွန်ပျူတာ၊ ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“အရေးတကြီးလိုတာက အိမ်ပြိုသွားတဲ့ လူတွေမှာ ထမင်းဟင်း၊ ခေါက်ဆွဲခြောက်လာလှူလို့ ထည့်စားစရာ ပန်းကန်၊ ဇွန်း၊ ခွက်မရှိဘူးဗျ။ ကျနော်လည်း သူငယ်ချင်းတွေနဲ့ တိုင်ပင်နေတယ်။ ဒါလေးတစ်ခု ထပ်လုပ်ပေးချင်တာ” ဟု ၎င်းက ပြောသည်။

တဖန် လက်ရှိမန္တလေးမြို့အတွင်း ငလျင်အလှူခံစားသည့်အဖွဲ့များလည်းပေါ်ပေါက်နေပြီး ယင်းဂယက်ထနေသည်ဟု သိရသည်။

“လုပ်စားတဲ့သူတွေက ငလျင်ရှောင်ဆိုပြီးတော့ တချို့ကွင်းတွေမှာ Tent ထိုးပြီးနေတဲ့သူတွေလည်း များတယ်။ အဲဒီလိုလူတွေကို နှင်ထုတ်လိုက်တာမျိုးတော့တွေ့တယ်။ လမ်း ၃၀ မင်္ဂလာဈေးဟောင်းနားမှာ နေတဲ့သူတွေကို မောင်းထုတ်လိုက်တာတွေ့တယ်။ တကယ်ဒုက္ခရောက်တဲ့သူတွေလည်းရှိတာပေါ့” ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ ထောက်ပံ့မှုများမှာလည်း တစ်လပြည့်ကာလအထိ ပြည်သူများထံ ရောက်ရှိလာခြင်းမရှိသေးဘဲ စာရင်းကောက်သည့်အဆင့်သာ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငလျင်ကြောင့် သေဆုံးခဲ့ရသူ တစ်ဦးလျှင် ကျပ် ၁၀ သိန်းပေးမည်ဟု ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့ကပြုလုပ်ခဲ့သည့် စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးအတွင်း ပြောထားသည်။

သို့သော် ထိခိုက်ဒဏ်ရာရသူနှင့် အဆောက်အအုံ၊ အိမ် ပြိုပျက်ခဲ့ရသူများကိုမူ သင့်လျော်သလောက် ထောက်ပံ့မည်ဟုသာ ပြောကြားထားသည်။

ထို့အပြင် အစောပိုင်းကယ်ဆယ်ရေးအတွက်ဟုဆိုကာ စစ်ခေါင်းဆောင်က မန္တလေးတိုင်းအတွက် ကျပ်ဘီလျံ ၆၀ ၊ စစ်ကိုင်းတိုင်းအတွက် ကျပ်ဘီလျံ ၅၀၊ နေပြည်တော်အတွက် ကျပ် ၁၀ ဘီလျံနှင့် ရှမ်းပြည်အတွက် ကျပ် ၅ ဘီလျံတို့ကို ပေးအပ်ထားသည်ဟု ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားထားသည်။

ဧပြီလ ၂၄ ရက်နေ့အထိ စစ်ကောင်စီထံတွင် ငလျင်ဘေးအလှူငွေ ကျပ် ၁၁၅,၈၇၆ ဘီလျံ၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်း၊ ကိုရီးယားဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် ၂ သန်းနှင့် စင်ကာပူဒေါ်လာ ၃၁၅၀ ရရှိထားပြီး စတင်အသုံးပြုနေပြီဟု ၎င်းက ပြောထားသည်။

Tags: ငလျင်ကြီးလှုပ်ခတ်မှုတစ်လပြည့်လှူဒါန်းမှုများမရောက်
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

နိုင်ငံရေး

ငလျင်လှုပ်အပြီး တစ်လခန့်ကြာမှ ညွှန်ချုပ်အဆင့်ဖြင့် ရုရှားနိုင်ငံက စစ်ခေါင်းဆောင်ထံ သဝဏ်လွှာ ပို့

Apr 25, 2025
ငလျင်လှုပ်အပြီး တစ်လခန့်ကြာမှ ညွှန်ချုပ်အဆင့်ဖြင့် ရုရှားနိုင်ငံက စစ်ခေါင်းဆောင်ထံ သဝဏ်လွှာ ပို့

By Mg Dagon / MPA စစ်ကောင်စီအလွန်အားကိုးသည့် ရုရှားနိုင်ငံသည် အင်အားကြီးငလျင်ကြီးလှုပ်ခတ်မှုအပြီး တစ်လခန့်ဖြစ်သည့် ၂၈ ရက်အကြာ ယမန်နေ့ ဧပြီလ ၂၄ ရက်မှ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ ထိုသို့ပေးပို့ရာတွင်လည်း...

Read more
by Thar Nge Lay
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10850) Myanmar (9776) News (9157) military (7093) SAC (6803) PDF (953) Politics (307) Yangon (282) SagaingRegion (214) RakhineState (139) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In