• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
23 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ငလျင်အတွက် ရထားသည့် အလှူငွေများကို စတင်အသုံးပြုနေပြီဟု ဒုစစ်ခေါင်းဆောင် ပြော

Thar Nge Lay by Thar Nge Lay
Apr 26, 2025
in ငလျင်ဘေး
0
0
ငလျင်အတွက် ရထားသည့် အလှူငွေများကို စတင်အသုံးပြုနေပြီဟု ဒုစစ်ခေါင်းဆောင် ပြော

Photo - MPA

Share on FacebookShare on Twitter

26 Apr 2025 By Maung Dagon / MPA

မတ်လ ၂၈ ရက် အင်အားပြင်းငလျင်အတွက် ဧပြီလ ၂၄ ရက်နေ့အထိ ပြည်တွင်း/ပြည်ပအလှူငွေ စုစုပေါင်း ကျပ် ၁၁၅,၈၇၆ ဘီလျံ၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းကျော်တို့အပါအဝင် ရရှိထားသည့် ငလျင်အလှူငွေများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် စတင်အသုံးပြုနေပြီဖြစ်ကြောင်း စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ပြောသည်။

ထို့အပြင် ကိုရီးယားဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် ၂ သန်းနှင့် စင်ကာပူဒေါ်လာ ၃၁၅၀ တို့ကိုလည်း စစ်ကောင်စီက ရရှိထားပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ငွေစာရင်းသို့ထည့်သွင်းထားသည်ဟု ယမန်နေ့ကကျင်းပခဲ့သည့် ယင်းကော်မတီအစည်းအဝေးအတွင်း ၎င်းက ပြောသည်။

လတ်တလော စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကိုင်းတိုင်းအတွက် ကျပ် ၅၀ ဘီလျံ၊ မန္တလေးတိုင်းအတွက် ကျပ် ၆၀ ဘီလျံ၊ နေပြည်တော်အတွက် ၁၀ ဘီလျံနှင့် ရှမ်းပြည်နယ်အတွက် ၅ ဘီလျံ အစရှိသဖြင့် ပေးအပ်ထားသည်ဟု ဒုချုပ် စိုးဝင်းဟု အမည်ပြောင်ရသူက ပြောသည်။

ထိုထောက်ပံ့ငွေများကို သက်ဆိုင်ရာဒေသများသို့ စစ်ကောင်စီကဖွဲ့ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(DMC)မှတစ်ဆင့် ပေးပို့ထားပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီလိုပေးအပ်တာဟာ ငလျင်ဒဏ်သင့်ဒေသတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးဖယ်ရှားနိုင်ဖို့နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ တစ်စိတ်တစ်ဒေသအသုံးပြုနိုင်ရေး ပေးထားတာဖြစ်တယ်” ဟု ဒုစစ်ခေါင်းဆောင်က ပြောသည်။

သို့သော် ငလျင်ဒဏ်အပြင်းထန်ဆုံးခံစားခဲ့ရသည့် မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့ရှိ ဒေသများတွင်မူ စစ်ကောင်စီ၏ မည်သည့်အထောက်အပံ့မျှမရဖူးသေးဘဲ နိုင်ငံတကာအကူအညီအချို့သာ ရရှိထားကြောင်း ဒေသခံများထံမှ သိရသည်။

“မန္တလေးမှာ ရပ်ကွက်တွေမှာတော့ စာရင်းတောင်းတာဘာညာတော့ရှိနေပြီ။ ဒါပေမဲ့ အဲဒီမှာလည်း ဂယက်တွေဖြစ်တယ်။ ကျွန်မအမေတွေတော့ စာရင်းလာတင်ဆိုလို့ သွားတင်တယ်။ ညီမကိုတော့ မခေါ်ဘူး။ စစ်ကောင်စီက တစ်ရပ်ကွက်ကို ဘယ်လောက်ချပေးတယ်။ ဒါမှမဟုတ် သတ်မှတ်ထားတယ်ဆိုတဲ့ Amount က တရားဝင်ကြေညာထားတာမျိုးမရှိတော့ ဘယ်လောက်ပေးပြီး ဘယ်လောက်ရကြလဲဆိုတာမသိဘူး။ ရတာနဲ့ကျေနပ်နေရမယ့် သဘောမျိုးတွေတော့ဖြစ်နေတာပေါ့” ဟု ငလျင်ဘေးဒဏ်သင့် မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လတ်တလော မန္တလေးမြို့တွင် ငလျင်ဒဏ်ထိခိုက်ပျက်စီးခဲ့ရသည့်အဆောက်အအုံများကို ဖြိုဖျက်ခြင်းနှင့် Dead Body များ ဖော်ထုတ်ခြင်းတို့ကို ပြုလုပ်နေဆဲဖြစ်ပြီး ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ မစတင်နိုင်သေးကြောင်း မြို့ခံများက ပြောသည်။

“ကူညီထောက်ပံ့ရေးနဲ့ပတ်သက်လို့တော့ ကျွန်မပဲ အလှမ်းဝေးနေတာလားတော့ မသိဘူး။ ပြီးတော့ လုပ်စားတဲ့သူတွေကလည်းများတော့ ဘယ်သူ့ကို အပြစ်ပြောလို့ပြောရမှန်းမသိဘူး။ ကျန်တဲ့အခြေအနေတွေကတော့ တချို့ တိုက်တွေဖြိုတယ်။ တချို့တော့ Dead Body ထုတ်တုန်းပဲရှိသေးတယ်” ဟု နောက်ထပ် မန်းမြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့အထိ နိုင်ငံ ၂၆ ခုက လေယာဉ် ၁၄၇ စင်း၊ သင်္ဘော ၇ စင်း၊ မော်တော်ယာဉ် ၂၃ စီးတို့ဖြင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်ပေါင်း ၂၀၉၅ ဦးရောက်ရှိခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၆၃၅ ဒသမ ၉၂ တန်နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၁၁၉၇ ဒသမ ၁၂ တန်၊ စုစုပေါင်းတန်ချိန် ၃၈၃၃ ဒသမ ၈၄ တန် အကူအညီရထားသည်ဟု ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောသည်။

“ပြည်တွင်း၊ ပြည်ပထောက်ပံ့ပေးတဲ့ ပစ္စည်းတွေကို အရန်မထားဘဲ ငလျင်ဘေး ဒဏ်သင့်ဒေသတွေက ပြည်သူတွေဆီ လက်ဝယ်အရောက် အမြန်ဆုံးဖြန့်ခွဲပေးဖို့ နိုင်ငံတော်ဝန်ကြီးချုပ်က ညွှန်ကြားထားတယ်။ ညွှန်ကြားချက်နဲ့အညီ ပြည်ပနိုင်ငံတွေကပေးပို့တဲ့ ကယ်ဆယ်ရေးပစ္စည်းနဲ့ ထောက်ပံ့ရေးပစ္စည်း စုစုပေါင်းတန်ချိန် ၃၈၃၃ ဒသမ ၈၄ တန်ကို မိမိတို့အနေနဲ့ ရောက်/ဖြန့်စနစ်နဲ့ ဖြန့်ဝေဆောင်ရွက်ပေးနေတယ်” ဟု ငလျင်အရေးပေါ်ကာလအတွင်း ဗုံးပတ်ကြဲနေသည့် ဒုစစ်ခေါင်းဆောင်က ပြောသည်။

မန္တလေးတိုင်း၊ ပလိပ်မြို့မှ ဒေသခံတစ်ဦးကလည်း လက်ရှိအချိန်အထိ စစ်ကောင်စီက ထောက်ပံ့သည့်အထောက်အပံ့ပစ္စည်းများရရှိဖူးခြင်းမရှိသေးသကဲ့သို့ ပေးသည်ဟု မကြားရသေးကြောင်း ပြောသည်။

“UN က အရေးပေါ်ရိက္ခာ ဘီစကစ်တွေ ဝေတာတော့ တွေ့တယ်။ ကိုယ်တိုင်သွားမယူပေမဲ့ အသိဆီကနေ ရခဲ့တယ်။ စကစဆီကတော့ ဘာမှပေးတာလည်း မတွေ့သလို မရလည်းမရသေးတဲ့အပြင် ပေးမယ်လို့ ကြားလည်းမကြားမိသေးဘူး” ဟု ငလျင်ကြောင့် နေအိမ်ထိခိုက်ပျက်စီးခဲ့ရသူ ထိုအမျိုးသားက ပြောသည်။

လတ်တလော နိုင်ငံ ၆ ခုက နိုင်ငံတကာဆေးကုသရေးအဖွဲ့ဝင် ၃၃၇ ဦးဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့တွင် ယာယီဆေးရုံဆေးခန်းများဖွင့်လှစ်ကုသပေးနေသည်ဟု ၎င်းက ဆက်ပြောသည်။

မတ်လ ၂၈ ရက်မှ ဧပြီလ ၂၅ ရက်အထိ ၂၉ ရက်အတွင်း သေဆုံးသူ ၃၇၆၃ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၇ ဦး၊ ပျောက်ဆုံးသူ ၁၁၀ ဦးရှိကြောင်း ဒုစစ်ခေါင်းဆောင်က ပြောသည်။

နေပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့် ပြည်နယ် ၁၀ ခုတွင် ဧပြီလ ၂၄ ရက်နေ့အထိ ကနဦးစာရင်းများအရ လူနေအိမ် ၆၃,၈၅၄ လုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ ဆူ၊ အခြားဘာသာရေးအဆောက်အဦ ၆၁၃ လုံး၊ ဆေးရုံ/ဆေးခန်း ၅၇၆ လုံး၊ ရထားလမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်း၊ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း စစ်ကောင်စီ ဒုခေါင်းဆောင်က ပြောသည်။

သို့သော် လက်ရှိအချိန်အထိ အလှူငွေများစွာရရှိထားပြီဖြစ်သော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဒုစစ်ခေါင်းဆောင်တို့သည် ငလျင်ဒဏ်ကြောင့် သေဆုံး/ထိခိုက်သူများနှင့် အဆောက်အအုံ/အိမ်တို့ ပျက်စီးဆုံးရှုံးခဲ့ရသူများကို မည်မျှထောက်ပံ့မည်ဆိုသည်ကို ယခုအချိန်အထိ တိတိပပ ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးပေ။

မြေပြင်တွင် ဝမ်းရောဂါအပါအဝင် ကူးစက်ရောဂါအချို့ ငလျင်ဒဏ်သင့်ဒေသများတွင်ဖြစ်ပွားနေသည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည် စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ယခုအချိန်အထိ ကူးစက်ရောဂါများဖြစ်ပွားခြင်းမရှိကြောင်း ဒုစစ်ခေါင်းဆောင်က ယမန်နေ့အစည်းအဝေးအတွင်း ပြောသည်။

ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂ၏ အဖွဲ့အစည်းခွဲဖြစ်သည့် UNOCHA ၏ စာရင်းကောက်ယူမှုအရ ငလျင်ဒဏ်ခံစားခဲ့ရသူ လူဦးရေ ၁၇ ခန့်ရှိရာတွင် လူဦးရေ ၉ သန်းကျော်မှာ ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရသည်ဟု ဆိုထားသည်။

သို့သော် စစ်ကောင်စီဖွဲ့စည့်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)က အင်အားပြင်းငလျင်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်(၁၀)ခုတွင် ထိခိုက်ပျက်စီးခဲ့ရပြီး အိမ်ထောင်စု ၁၂၈,၉၆၅ စု၊ လူဦးရေ ၆၂၉,၂၀၆ ဦးသာ ငလျင်ဘေးကြုံတွေ့ခဲ့ကြရကြောင်း ၎င်းက ပြောကြားသွားသည်။

လတ်တလော စစ်ကောင်စီက ဖွင့်လှစ်ပေးထားသည့် ကယ်ဆယ်ရေးစခန်း ၁၃၅ ခုတွင် ၄၈,၆၅၆ ဦးနေထိုင်နေပြီး မိမိအစီအစဉ်နှင့် ပြောင်းရွှေ့နေထိုင်သူ ၁၅၉,၂၃၉ ဦး၊ ငလျင်ဘေးသင့်ခဲ့သော်လည်း နေအိမ်တွင် ဆက်လက်နေထိုင်သူ ၄၂၁,၃၁၁ ဦးရှိသည်ကိုတွေ့ရှိရကြောင်း အာဏာသိမ်းဒုစစ်ခေါင်းဆောင်က ယမန်နေ့အစည်းအဝေးအတွင်းပြောကြားခဲ့သည်။

Tags: အင်အားပြင်းငလျင်အလှူငွေ
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

စစ်ရေး

ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် အချိန်မှ တစ်လအတွင်းအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်ကို အကြိမ် ၃၀ ထက်မနည်း လေကြောင်းတိုက်ခိုက်

Apr 28, 2025
ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် အချိန်မှ တစ်လအတွင်းအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်ကို အကြိမ် ၃၀ ထက်မနည်း လေကြောင်းတိုက်ခိုက်

By Hlaing / MPA အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သည့် မတ် ၂၈ရက်မှ တစ်လပြည့် ဧပြီ ၂၈ရက်အထိ စစ်ကောင်စီက တစ်လအတွင်း ရခိုင်ပြည်နယ်ကို အကြိမ် ၃၀ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း MPA ကပြုစုထားသည့် စာရင်းများအရ...

Read more
by Thar Nge Lay
0 Comments
နိုင်ငံတကာ

ငလျင်ကြောင့် ဘန်ကောက်စာရင်းရုံး ပြိုကျမှုတွင် မြန်မာ ၁၀ ဦးပါဝင်

Apr 18, 2025
ငလျင်ကြောင့် ဘန်ကောက်စာရင်းရုံး ပြိုကျမှုတွင် မြန်မာ ၁၀ ဦးပါဝင်

The Nation မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ဘန်ကောက်မြို့ရှိ နိုင်ငံတော် စာရင်းစစ်ရုံး (SAO) အဆောက်အအုံ ပြိုကျမှုတွင် သေဆုံးသူ ၃၃ ဦး၏ အမည်များကို အတည်ပြုနိုင်ခဲ့ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏...

Read more
by Thar Nge Lay
0 Comments
ငလျင်ဘေး

ငလျင်ကြောင့် ဧရာ၀တီမြစ်ကမ်းပါးများ ပြိုကျနိုင်သည့် အခြေအနေဖြစ်ပေါ်နေ

Apr 11, 2025
ငလျင်ကြောင့် ဧရာ၀တီမြစ်ကမ်းပါးများ ပြိုကျနိုင်သည့် အခြေအနေဖြစ်ပေါ်နေ

By Zwe Ko / MPA ပြီးခဲ့သည့် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ဧရာ၀တီမြစ်ကမ်းပါးများ ပြိုကျနိုင်သည့် အခြေအနေဖြစ်ပေးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ငလျင်ကြောင့် သာသနိကအဆောက်အအုံများ၊ လူနေအိမ်အများအပြား...

Read more
by Thar Nge Lay
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In