By Hsu Yee/MPA
ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ငလျင်ဘေးသင့် ပြည်သူများထံသို့ အရေးပေါ် လူသား စာနာ အကူအညီများ မရောက်ရှိစေရန် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ တားမြစ်လျက်ရှိ ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။
ဧပြီ ရှစ်ရက်၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် ကုလသမဂ္ဂအစည်းအဝေးတစ် ရပ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့သလို ကန့်သတ်ချက် အမျိုးမျိုး ထားရှိခြင်း ကြောင့် ငလျင်ဘေးဒဏ်သင့်သူများထံသို့ အရေးပေါ် လူသားစာနာ အကူအညီများ အချိန်မီ ထိရောက်စွာ ပို့ဆောင်ပေးနိုင်ခြင်း မရှိကြောင်းနှင့် စစ်တပ်တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးစီမံချက် မရှိခြင်းကြောင့် ပြည်သူအချို့ အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း ဆိုသည်။
“နိုင်ငံတကာအကူအညီတွေကို အခုအချိန်ထိ တော်လှန်ရေးထိန်းချုပ်နယ်မြေထဲက ငလျင်ဘေးဒဏ် သင့်ပြည်သူတွေ ထိထိရောက်ရောက် မရကြသေးပါဘူး။ဒါဟာ တော်လှန်ရေးနယ်မြေထဲက ငလျင် ဒဏ်သင့်ပြည်သူတွေ ခွဲခြားဆက်ဆံခံရတဲ့သဘောပါ။စစ်ကောင်စီက တော်လှန်ရေးနယ်မြေတွေ ထဲ ဝင်မကူဖို့ တားမြစ်တယ်ဆိုရင် ဒါကို နိုင်ငံတကာလူသားစာနာအဖွဲ့တွေအနေနဲ့ ဒီလိုလုပ်နေ ကြောင်း တရားဝင်ထုတ်ပြောရဲရမယ်။ပြီးတော့ ဘယ်လိုနည်းလမ်းတွေနဲ့ တော်လှန်ရေးနယ်မြေထဲက ဘေး သင့်ပြည်သူတွေကို ကူမလဲဆိုတာ စဉ်းစား လုပ်ကိုင်ရမယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေး ဆောင်း ပါးရှင်တစ်ဦးက MPAသို့ပြောသည်။
စစ်တပ်အနေနှင့် ငလျင်ဘေးဒဏ်သင့်နေရာများ အပါအဝင် အရပ်သားပြည်သူများအပေါ် မဆင်မ ခြင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်လျက်ရှိကြောင်းလည်း သံအမတ်ကြီးကပြော သည်။
ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူဦးရေ ၃,၅၀၀ ကျော်၊ ဒဏ်ရာရရှိသူ ၅,၀၀၀ ကျော် နှင့် ပျောက် ဆုံးသူ ၂၀၀ ကျော်တို့ရှိနေကြောင်းငလျင်ကြောင့် မြန်မာပြည်သူ ၃ဒဿမ၂ သန်းကျော် ထိခိုက်ခံစားခဲ့ရပြီး နေအိမ်၊ အဆောက်အအုံ၊ လမ်းတံတားနှင့် ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု အလွန့် အလွန်ကြီးမားကြောင်း သံအမတ်ကြီးက ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူ ငါးသိန်းတို့မှာ အသက်ကယ် ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘဲ နေထိုင်နေရကြောင်း UNOCHA ၏ အချက်အလက်များအရ သိရသည်။