By Ra Wai / MPA
ဧပြီ၁၁ရက်အထိ ရစ်ချ်တာစကေး ၅ နှင့်အထက်ရှိ နောက်ဆက်တွဲငလျင် ဖြစ်ပေါ်နိုင်ခြေ ၅၄ရာ ခိုင်နှုန်းရှိပြီး လေးကြိမ်အထိ လှုပ်နိုင်ကြောင်း အမေရိကန်ဘူမိဆိုင်ရာ သုတေသနအဖွဲ့ (USGS)က ခန့်မှန်းထားသည်။
USGS ၏ ဧပြီလေးရက် ခန့်မှန်းချက်အရ အင်အား ၄နှင့်အထက်ရှိ နောက်ဆက်တွဲငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ ၉၉ရာခိုင်နှုန်းရှိပြီး နှစ်ကြိမ်မှ ၂၂ကြိမ်အထိ လှုပ်နိုင်ကာ အင်အား၃ နှင့် အထက်ရှိ ငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ ၉၉ရာခိုင်နှုန်းရှိပြီး အကြိမ်၂၀မှ ၂၂၀ အထိ လှုပ်နိုင်ကြောင်း သိရသည်။
“အခု မိုးရွာချလိုက်လို့ မပြိုသေးတဲ့တိုက်တွေတောင် ပြိုနိုင်တဲ့အန္တရာယ်ရှိတယ်ဆိုတော့ ထပ် လှုပ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲငလျင်ထဲမှာ ရစ်ချ်တာစကေး ၅နဲ့ အထက် ထပ်လှုပ်ရင် တိုက် တွေ ထပ်ပြိုနိုင်မလားပေါ့။ မန္တလေးမှာ လမ်းဘေးအိပ်ရတဲ့ဘဝတွေ ဆက်အဓွန့်ရှည်ဦးမှာပေါ့”ဟု င လျင်ဒဏ်သင့်ပြည်သူများကို ကူညီပေးနေသည့် မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
အင်အား ၆ နှင့် အထက်ရှိ နောက်ဆက်တွဲငလျင် ဖြစ်ပေါ်နိုင်ခြေ ရှစ်ရာခိုင်နှုန်းရှိပြီး တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်းနှင့် အင်အား ၇ နှင့် အထက်ရှိ နောက်ဆက်တွဲငလျင် ဖြစ်ပေါ်နိုင်ခြေမှာ ၀.၇ ရာခိုင်နှုန်း – ၁ရာခိုင်နှုန်း အလားအလာရှိကာ ဖြစ်နိုင်ခြေရှိသော်လည်း အလားအလာ အလွန်နည်း ကြောင်း USGS က ခန့်မှန်းထားသည်။
မန္တလေးမြို့တွင် ဧပြီငါးရက်ညက မိုးသက်လေပြင်း ကျရောက်သဖြင့် လမ်းဘေး၌ ယာယီနေနေကြ သောပြည်သူများ ဒုက္ခရောက်ခဲ့ရသည်။
ဧပြီသုံးရက်တွင် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ပြီးနောက် မဟာအောင်မြေမြို့နယ်ထဲရှိ တိုက် ကြီးတစ်လုံး ပြိုကျခဲ့သေးသည်။
‘
စာတည်း-ML