By Ra Wai / MPA
တော်လှန်ရေးအင်အားစုများ စိုးမိုးထားသောဒေသများရှိ ငလျင်ဘေးသင့်ပြည်သူများကို အရေးပေါ် အကူအညီအမြန်ဆုံးပေးရန် ဂျပန် ပါတီစုံလွှတ်တော်အမတ်များသမဂ္ဂအား NUG အစိုးရက မေတ္တာရပ် ခံလိုက်သည်။
မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသော ပါတီစုံလွှတ်တော်အမတ်များသမဂ္ဂ၏ အရေးပေါ် အစည်းအဝေးအား ဧပြီလေးရက်တွင် ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်အမတ်များရုံး ၌ ကျင်းပခဲ့ရာ NUGအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း အွန်လိုင်း မှ တက်ရောက်ခဲ့ပြီး တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့်ဒေသများသို့ နိုင်ငံတကာအကူအညီများ မရောက်ရှိသေး သည့်အတွက် NUGအစိုးရအပါအဝင် ဒေသခံအဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ အရေးပေါ်အကူအညီများ အမြန်ဆုံးပေးအပ်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အရင် မိုခါမုန်တိုင်းနဲ့ ရာဂီမုန်တိုင်းတုန်းကလည်း နိုင်ငံတကာအကူအညီဆိုတာ စစ်ကောင်စီခွင့်ပြု တဲ့နေရာတွေလောက်ပဲ ပေးနိုင်ခဲ့တယ်။အခုအချိန်ထိလည်း တော်လှန်ရေးစိုးမိုးနယ်မြေတွေဆီ ပြည် ပအကူအညီပေးရေးအဖွဲ့တွေ မရောက်သေးဘူး။အရင်အတွေ့အကြုံအရဆို စစ်ကောင်စီခွင့်ပြုမှာ လည်းမဟုတ်ဘူး။ဆိုတော့ နိုင်ငံတကာအကူအညီ တော်လှန်ရေးနယ်မြေတွေထဲက ဘေးသင့်ပြည်သူ တွေဆီ ရောက်ဖို့ တစ်ခုတည်းသောနည်းလမ်းက တော်လှန်ရေးအင်အားစုတွေကနေတစ်ဆင့် အကူ အညီပေးဖို့ပဲရှိတယ်”ဟု ၂၀၂၀ ရွေးကောက်ခံ မန္တလေးတိုင်းလွှတ်တော် ကိုယ်စား လှယ်တစ်ဦးက MPA သို့ပြောသည်။

ပုံစာ- မြန်မာငလျင်ဘေးသင့်ပြည်သူများကို ကူညီရေး အရေးပေါ်အစည်းအဝေး။

ပုံစာ- မြန်မာငလျင်ဘေးသင့်ပြည်သူများကို ကူညီရေး အရေးပေါ်အစည်းအဝေး။

ပုံစာ- မြန်မာငလျင်ဘေးသင့်ပြည်သူများကို ကူညီရေး အရေးပေါ်အစည်းအဝေး။

ပုံစာ- မြန်မာငလျင်ဘေးသင့်ပြည်သူများကို ကူညီရေး အရေးပေါ်အစည်းအဝေး။
နှစ် ၁၀၀ လျှင် တစ်ကြိမ်ဖြစ်ပွားသည့် ငလျင်ကြီးကြောင့် ပြည်သူအများစု အသက်အိုးအိမ်စည်း စိမ်ဆုံးရှုံးကာ ဒုက္ခပင်လယ်ဝေနေသည့်ကြားမှပင် စစ်ကောင်စီ၏ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်နေမှု များ၊ ကယ်ဆယ်ရေးလုပ်ငန်းများအပေါ် ပိတ်ပင်တားဆီးနေမှုများ၊ NUG အစိုးရ၏ နှစ်ပတ်တာ အပစ်အခတ်ရပ်စဲရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းချက် ကို စစ်ကောင်စီက လက်မခံခဲ့သည့် အချက်အလက်များပါ စာရွက်စာတမ်းများကို အဆိုပါအစည်း အဝေး၌ ဖြန့်ဝေခဲ့ပြီးအရေးပေါ် အကူအညီ လျင်မြန်စွာပေးအပ်ပါရန် မေတ္တာရပ်ခံစာအား ပါတီစုံလွှတ်တော်အမတ်များသမဂ္ဂသို့ ပေးအပ်ခဲ့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာအမျိုးသားညီညွတ် ရေးအစိုးရကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။
ဂျပန်လွှတ်တော်အမတ်များက အရေးပေါ် အကူအညီ လိုအပ်နေသည့် နေရာများသို့ အမြန်ဆုံးရောက်ရှိအောင် မည်သည့်နည်းလမ်း၊ မည်သည့်ပုံစံ၊ မည်သည့် လမ်းကြောင်းများမှ ဆောင်ရွက်နိုင်မလဲ အပါအဝင် မေးခွန်းပေါင်းများစွာ မေးမြန်းမှုများကိုလည်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ တက်ရောက်လာကြသော UNDP ၊ WFP နှင့် အခြားသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများကလည်း ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ၊ လိုအပ်ချက်များနှင့် အရေးပေါ် အကူအညီလိုအပ်နေသည့် ရေတို၊ရေရှည် စီမံကိန်းများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။