By Ra Wai / MPA
မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေးကမ်ပိန်းမှ တစ်ပတ်တာအတွင်း ကျပ်သိန်းပေါင်း ၁၃,၀၀၀ကျော် ကူညီနိုင်ခဲ့ကြောင်း သိရသည်။
ယင်းကမ်ပိန်းကို မတ်လ၂၈ရက်မှ ဧပြီ၁၁ရက်အထိ ပြုလုပ်နေခြင်းဖြစ်ပြီး ရရှိသမျှထောက်ပံ့ငွေများ ကို NUGအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန သို့ အမြန်ဆုံးလွှဲပြောင်း၍ ငလျင်ဘေးသင့်ဒေသရှိ ပြည်သူများအား ကူညီပေးလျက်ရှိကြောင်း Spring Development Bank က ယနေ့(ဧပြီလေးရက်)သတင်းထုတ်ပြန်သည်။
“ငလျင်စလှုပ်တဲ့နေ့မှာပဲ ဒီကမ်ပိန်းကို ချက်ချင်းစတင်ခဲ့တာဟာ NUG အသိုက်အဝန်းရဲ့ အရေးပေါ် အခြေအနေကို ချက်ချင်းတုံ့ပြန်နိုင်စွမ်းရှိကြောင်း ဖော်ပြနေပါတယ်။တစ်ပတ်အတွင်း သိန်းပေါင်း တစ်သောင်းကျော်ရတာဟာ NUGအစိုးရအပေါ် ပြည်သူတို့ရဲ့ ယုံကြည်မှု ဘယ်လောက်ထိ အား ကောင်းသလဲဆိုတာ ထပ်ပြီး ဖော်ပြနေပါတယ်”ဟု ၂၀၂၀ရွေးကောက်ခံ မန္တလေးတိုင်းလွှတ်တော် ကိုယ်စား လှယ်တစ်ဦးက MPAသို့ပြောသည်။
ယနေ့တွင် မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေးကမ်ပိန်းမှ ကျပ်သိန်း၃၀၀၀ကို NUG၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနသို့ ငါးကြိမ်မြောက်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း Spring Development Bank ကထုတ်ပြန် သည်။
စာတည်း – ML