By Ra Wai / MPA
လမ်းခရီးတွင် ပေါ်တာအဆွဲခံရနိုင်သည်ဆိုသော စိုးရိမ်ချက်အရ ငလျင်ဒဏ်သင့် မန္တလေးနှင့်စစ် ကိုင်းသို့ လူငယ်ပရဟိတသမားများ လာရောက်ကူညီမှု အလွန်နည်းကြောင်း သိရသည်။
ငလျင်ဒဏ်သင့်ပြည်သူများကို ဒေသခံလူငယ်များကသာ အကူအညီပေးကြပြီး ရန်ကုန်နှင့် အခြား ဒေသများမှ လာရောက်ကူညီကြသော လူမှုကူညီရေးအဖွဲ့များ၌ လူငယ်ပါဝင်မှု အလွန်နည်းကြောင်း ငလျင်ဘေးသင့်သူများကို ကူညီပေးနေသော မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
“ကျတော်တို့ မန္တလေးမှာလည်း စစ်မှုထမ်းရှောင်ကြတာကြောင့် လူငယ်တွေ တော်တော် နည်းနေ ပါပြီ။ တခြားဒေသကလာကူတဲ့သူတွေထဲမှာ လူငယ်တွေ ပါမလာတာ သတိထားမိလို့ မိတ်ဆွေပရ ဟိတသမားတွေကို မေးကြည့်တော့ မြို့ပေါ်မှာ လူငယ်တွေ နည်းသွားတာရော ရှိတဲ့လူငယ်တွေက ပေါ်တာကြောက်လို့ မိဘတွေကိုယ်တိုင်က မသွားစေချင်တာရောလို့ ပြောတယ်”ဟု ၎င်းက MPA သို့ပြောသည်။
မန္တလေးသို့ ရောက်ရှိနေသော အသက်၄၅နှစ်ကျော်အရွယ်ရှိ လူမှုကူညီရေးသမားတစ်ဦးက ရန်ကုန်မှ မန္တလေးသို့ ၎င်းတို့ အလာတွင် ပေါ်တာအန္တရာယ်ကင်းသော်လည်း စိတ်ချရသည့်အခြေအနေတော့ မဟုတ်ဟု ဆိုသည်။
“မင်းအောင်လှိုင်က အပစ်မရပ်ဘူးလို့ပြောတယ်။နောက်ရက်ကျတော့ တစ်လ အပစ်ရပ်မယ်လို့ ပြော ပြန်ရော။ပြီးတော့ အပစ်ရပ်တယ်ဆိုပြီး ဗုံးကြဲနေပြန်ရောဆိုတော့ ပြောချင်ရာပြောပြီး လုပ်ချင် တာလုပ်နေတဲ့ ဒင်းတို့ကို ဘယ်လိုယုံရမှာလဲ”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီအနေနှင့် ငလျင်ဘေးသင့်ကူညီသူများကို လုံခြုံရေးအာမခံချက်ပေးကြောင်း တရားဝင် ထုတ်ပြောလျှင်တောင် စိတ်မချရကြောင်း ၎င်းက ဆက်လက်ပြောသည်။
စာတည်း-ML