By Ra Wai / MPA
ကမ္ဘာ့နိုင်ငံများအနေနှင့် မြန်မာပြည်သူများကို ပိုပြီးအကူအညီပေးကြရန် အချိန်တန်ပြီဟု UNOCHA Myanmar က နှိုးဆော်လိုက်သည်။
မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်ခဲ့သော ငလျင်ကြောင့် မိသားစုအများအပြား အိမ်ခြေရာမဲ့ ဖြစ်ခဲ့ရပြီး အချို့မှာ မိသားစုဝင်များ ဆုံးရှုံးခဲ့ရသည့်အတွက် ဝမ်းနည်းပူဆွေးနေကြရကြောင်း UNOCHA Myanmar က ယနေ့(ဧပြီနှစ်ရက်) ထုတ်ပြန်သည်။
“သူတို့တွေအတွက် ခိုလှုံစရာနေရာ၊ စားနပ်ရိက္ခာ၊ သန့်ရှင်းတဲ့သောက်သုံးရေ၊ ရေအိမ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်လျက်ရှိပါတယ်”ဟု UNOCHA Myanmar က ဆိုသည်။
နိုင်ငံတကာမိတ်ဆွေများနှင့် ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းအနေနှင့် ငလျင်ဒဏ်သင့်မြန်မာပြည် သူများကို ယခုချက်ချင်း ထိထိရောက်ရောက်ကူညီကြရန် NUGယာယီသမ္မတက တိုက်တွန်းခဲ့သလို ယင်းအကူအညီများသည် လူကြားကောင်းရုံ၊လူမြင်ကောင်းရုံ၊နိုင်ငံရေးအရ အသုံးချခံရရုံသက်သက် အ တွက် ဖြစ်မသွားစေဘဲ အမှန်တကယ်လိုအပ်နေသူများဆီ ရာနှုန်းပြည့်ရောက်ရန် လိုကြောင်းလည်း သတိပေးထားသည်။
မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “အရင် မိုခါမုန်တိုင်းနဲ့ ရာဂီအဖျားခတ်ပြီး ရေ ကြီးတုန်းက မြန်မာမှာရှိတဲ့ ကုလအဖွဲ့အစည်းတွေအားလုံး စစ်ကောင်စီ ခွင့်ပြုသလောက်ပဲ ကူခွင့်ရခဲ့ တယ်။အခုငလျင်မှာရော ကုလအဖွဲ့တွေ လွတ်လပ်စွာနဲ့ ပြည်သူတွေကို တိုက်ရိုက်ကူခွင့်ရမလား ဆိုတာ စောင့်ကြည့်ရမယ်” ဟုဆိုသည်။
မြန်မာပြည်သူများသည် ငလျင်ဘေးဒဏ်မခံရခင်ကတည်းက ထိတ်လန့်စရာ လူသားချင်းစာနာမှုဆိုင် ရာဘေးဒုက္ခများကို ခါးစည်းခံနေရကြောင်းဖြစ်ပွားဆဲလက်နက်ကိုင်ပဋိပက္ခ၊ ရာသီ ဥတု ဖောက်ပြန် မှု၊ စားနပ်ရိက္ခာမဖူလုံမှုနှင့် စီးပွားရေးဆုတ်ယုတ်မှုတို့၏ ဒဏ်ကြောင့် လူဦးရေ သန်း ၂၀ သည် လူ သားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်လျက်ရှိကြောင်း UNOCHA Myanmar က ထုတ်ပြန် သည်။
“လတ်တလောကြုံလိုက်ရတဲ့ ငလျင်ဘေးကြောင့် အခြေအနေတွေဆိုးသထက်ဆိုးလာပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေဟာ အသက်ရှင်နေထိုင်ရေးအတွက် ပိုပြီးအရေးကြီးလာပါတယ်”ဟု လည်း UNOCHA Myanmar ကဆိုသည်။
၂၀၂၅ ခုနှစ်၊ဧပြီအထိ ရောက်လာသော်လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် အဆိုပြုတောင်းခံထားသည် ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံအတွက် ငါးရာခိုင်နှုန်းကျော်သာ ရရှိထားပြီးအရေးပါသော လူမှုဘဝကယ်ဆယ်ရေးအကူအညီများပေးရန်ရန်ပုံငွေ အရေးပေါ်လိုအပ်လျက်ရှိကြောင်း UNOCHA Myanmar ကထုတ်ပြန်သည် ။
စာတည်း-ML