By MPA
တရုတ်နိုင်ငံကြက်ခြေနီအသင်းက မြန်မာနိုင်ငံမြေငလျင်ဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်း သယ်ဆောင်လာသည့် ကားကိုးစီးပါသည့် ယာဉ်တန်းကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း TNLA က ယနေ့(ဧပြီ နှစ်ရက်) တွင် ထုတ်ပြန်ထားသည်။
ယမန်နေ့(ဧပြီ တစ်ရက်) ည ကိုးနာရီ၊ ၁၂မိနစ်တွင် တရုတ်နိုင်ငံကြက်ခြေနီအသင်း၏ ငလျင်ထောက်ပံ့ရေးယာဉ်တန်းကို စစ်ကောင်စီက နောင်ချို့မြို့နယ် ၊ အုမ္မတီးကျေးရွာ၌ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ထို့ကြောင့် အဆိုပါယာဉ်တန်းသည် မန္တလေးမြို့သို့ ခရီးမဆက်မည့်အကြောင်းကို စစ်ကောင်စီထံ သတင်းပေးပို့ခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် နောင်ချိုမြို့သို့ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု TNLA က ထုတ်ပြန်ထားသည်။
လက်ရှိ စစ်ကောင်စီ ပစ်ခတ်ခဲ့သည့် တရုတ်နိုင်ငံကြက်ခြေနီသင်းမှ မြန်မာနိုင်ငံငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်းကို TNLA က ကာကွယ်မှုပေးထားပြီး လိုရာခရီးရောက်ဆောင် ပို့ဆောင်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။