By Ra Wai / MPA
ငလျင်ဘေးအလှူငွေ ကျပ်သိန်း ၅၀၀၀ နှင့် သွပ်ပြားချပ်တစ်သောင်းကို ခိုင်နှင်းဝေဖောင်ဒေးရှင်းမှ လာရောက်လှူဒါန်းသွားကြောင်း အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာ ပညာရေးစင်တာ IBEC က သတင်းထုတ်ပြန်သည်။
ယနေ့(ဧပြီတစ်ရက်)နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊IBEC ကျောင်းတိုက်သို့ လာရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး သွပ်ပြားချပ်တစ်သောင်း၏ တန်ဖိုးမှာ ကျပ်သိန်း၃၀၀၀ ရှိကြောင်း သိရသည်။
“ကျတော် သိရသလောက် စစ်ကိုင်းမြို့က ငလျင်ဒဏ် အဆိုးရွားဆုံးခံရတယ်။စစ်ကိုင်းမြို့ပေါ်က အိမ် တွေ အကောင်းပဂတိကျန်တာ တော်တော်နည်းတယ်။တံတားကြီးကလည်း ထိထားတော့ အကူအ ညီ တွေနဲ့ ကျွမ်းကျင်တဲ့ကယ်ဆယ်ရေးသမားတွေ အဝင်လည်း နောက်ကျတယ်။မြို့ပေါ်ကလူတွေပဲ ကိုယ့်မှာရှိတဲ့ စက်ကိရိယာတွေနဲ့ ကြံဖန်ပြီး ကယ်ဆယ်ရေးလုပ်ပေးနေရတာ။ဒီနေ့(ဧပြီတစ်ရက်)ထိ မန္တလေးမှာတောင် ကယ်ဆယ်ရေးဝင်ဖို့လိုပြီး ကယ်ဆယ်ရေးမဝင်နိုင်သေးတဲ့ နေရာ အများကြီး ကျန် သေးတယ်”ဟု ငလျင်ဘေးသင့်ပြည်သူများကို ကူညီပေးနေသော မန္တလေးမြို့ခံတစ်ဦးက MPAသို့ ပြော သည်။
လှူဒါန်းမှုများကို ငလျင်ဘေးဒဏ်သင့်ပြည်သူများ၏ လက်ဝယ်သို့ အရောက်ပို့ဆောင်ပေးမည်ဖြစ် ကြောင်း IBECဆရာတော်က မိန့်သည်။
IBEC ကူညီကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေးစင်တာကို IBEC ဆရာတော် ဦးဆောင်မှုဖြင့် တည်ထောင်ထားပြီး ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းစဥ်များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖျက်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးနှင့် မင်းဝံတောင်ရိုးရှိဘုန်းကြီးကျောင်းနှင့် သီလရှင်ချောင် စုစုပေါင်း ၂၀၀၀ ကျော် လုံးဝပျက်စီးခဲ့ပြီး စစ်ကိုင်းမြို့၏ ၈၂ဒဿမ၆ ရာခိုင်နှုန်းအထိ ထိခိုက်ခဲ့ကြောင်း IBEC က ထုတ်ပြန် ထားသည်။
စာတည်း-ML