By MPA
ငလျင်ဒဏ်သင့်ပြည်သူများကို ဆေးဘက်ဆိုင်ရာ အရေးပေါ်ကုသမှုများ ဆောင်ရွက်ပေးနေကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ် ၁၂၂၂ တပ်ရင်း TRI ဗျူဟာက ယနေ့ (မတ် ၃၁ ရက်) သတင်းထုတ်ပြန်သည်။
TRI ဗျူဟာရှိရဲဘော်များအားလုံး မိမိတို့တာဝန်ကျရာ ကျေးရွာ၊ ရပ်ကွက်များတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသော အဆောက်အအုံနှင့် လမ်းများ ပိတ်ဆို့ပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းခြင်း၊ ကျန်းမားရေးစောင့်ရှောက်မှုပေးခြင်းနှင့်အခြား လိုအပ်သည့်အကူအညီများ အစွမ်းကုန်ကြိုးစားလုပ်ကိုင်ပေးနေကြောင်း သိရသည်။
ငလျင်ကြောင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်းလည်း TRI ဗျူဟာက ထုတ်ပြန်သည်။
ပရဟိတလုပ်အားပေးခြင်းဖြင့် ပါဝင်လိုသူများအနေနှင့် TRI ဗျူဟာ၏ မြေပြင်အဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း သိရသည်။
TRI ဗျူဟာ သည် NUG အစိုးရလက်အောက်ခံ PDF တပ်ရင်းဖြစ်ပြီး မန္တလေးတိုင်း၊စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့တွင် အခြေစိုက်သည်။