By Crystal/MPA
MMA ဖိုက်တာ အောင်လဆန်ဆန်က One Championship ၌ Alain Ngalani နှင့် ထိုးသတ်ခဲ့သည့် ပွဲတွင် နိုင်ပွဲရရှိခဲ့သည့် လက်အိတ်ကို လေလံတင်ပြီး ငလျင်ဘေးအတွက် လှူဒါန်းမည်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ကြေညာထားသည်။
ငလျင်ဘေးကြောင့် အိမ်ပြိုပြီး ပစ္စည်းဆုံးရှုံးခဲ့ရသူများသည် ပြန်လည်ထူထောင်နိုင်ရန် အားထုတ်နေကြကြောင်း၊ ယခုကဲ့သို့ အရေးကြီးသည့် အခိုက်အတန့်၌ အားလုံးစည်းလုံးညီညွတ်ရန်လိုအပ်သည့်အတွက် ၎င်းတိုက်ခိုက်ခဲ့ပြီး အနိုင်ယူခဲ့သည့် လက်အိတ်များကို လေလံတင်ရန် ဆုံးဖြတ်ကာ အလှူငွေများကို အဓိကလိုအပ်သည့် နေရာများသို့ အရောက်ပို့သွားမည်ဟု အောင်လအန်ဆန်းက ကြေညာထားခြင်းဖြစ်သည်။
တစ်ဦးချင်း၏ လှူဒါန်းမှု၊ တစ်ဒေါ်လာတိုင်းသည် မြေငလျင်သင့်ပြည်သူများအတွက် အစာ၊ နေရာထိုင်ခင်းနှင့် ဆေးဘက်ဆိုင်ရာ အကူအညီများကို ပံ့ပို့းပေးနိုင်မည့် အလှူငွေများဖြစ်သည်ဟုလည်း ၎င်းက ဆိုထားသည်။
Alain Ngalani နှင့် ပြိုင်ပွဲသည် ခက်ခဲလွန်းမည်ဟု လူတိုင်းထင်မြင်ခဲ့သော်လည်း ၎င်းအနေဖြင့် ကြောက်ရွံ့မှုမရှိ စိန်ခေါ်မှုမျးကို ကျော်လွှားကာ အနိုင်ယူခဲ့သည့်အတွက် မဖြေရှင်းနိုင်သည့် အခြေအနေတစ်ခုဖြစ်လာတိုင်း သက်သောင့်သက်သာ ဖြင့် ကျော်လွှားပြီး ရဲရင့်မှုကို ရှာဖွေရန်ရည်ရွယ်ပြီး အဆိုပါပွဲ၌ ထိုးသတ်ခဲ့သည့် လက်အိတ်အား လေလံတင်ရခြင်းဖြစ်သည်ဟု ရှင်းပြထားသည်။
အဆိုပါလက်အိတ် လေလံကြမ်းခင်းစျေးသည် အမေရိကန်ဒေါ်လာ ၆၅၀၀ (မြန်မာကျပ် ၃၀,၀၀၀,၀၀၀) သတ်မှတ်ထားပြီး မတ် ၃၁ရက်မှ နံနက် ၁၀နာရီမှ စတင်ကာ လေလံဖွင့်မည်ဖြစ်ပြီး ဧပြီ ခြောက်ရက် ၊ ညနေ ခြောက်နာရီတွင် လေလံပိတ်သိမ်းမည်လည်းဖြစ်သည်။
လေလံနှင့် ပတ်သက်ပြီး ဆက်သွယ်လိုသူများအနေဖြင့် +၉၅၉၇၇၉၈၃၇၅၃၉(Toe) သို့မဟုတ် +၉၅၉၄၀၂၄၄၂၀၆ (Nway) ၊ Email- [email protected]သို့ ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။