By Nway / MPA
နိုင်ငံတကာမိတ်ဆွေများအနေနှင့် ငလျင်ဒဏ်သင့် ပြည်သူများဆီသို့ ပေးအပ်သည့်အကူအညီများ ရာနှုန်းပြည့်ရောက်အောင် လုပ်ဆောင်ရန် အရေးကြီးလှကြောင်း NUGယာယီသမ္မတက သတိပေး လိုက်သည်။
နိုင်ငံတကာမိတ်ဆွေများနှင့် ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းအနေနှင့် ငလျင်ဒဏ်သင့်မြန်မာပြည် သူများကို ယခုချက်ချင်း ထိထိရောက်ရောက်ကူညီကြရန် ယာယီသမ္မတက တိုက်တွန်းခဲ့သလို ယင်း အကူအညီများသည် လူကြားကောင်းရုံ၊လူမြင်ကောင်းရုံ၊နိုင်ငံရေးအရ အသုံးချခံရရုံသက်သက်အ တွက် ဖြစ်မသွားစေဘဲ အမှန်တကယ်လိုအပ်နေသူများဆီ ရာနှုန်းပြည့်ရောက်ရန် လိုကြောင်းလည်း သတိပေးခဲ့သည်။
လိုအပ်နေသူများဆီ အကူအညီများ ရာနှုန်းပြည့်ရောက်ရှိနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအပါအ ဝင် တော်လှန်ရေးအင်အားစုအားလုံးက ပူးပေါင်းဆောင်ရွက် ရန် အဆင်သင့်ရှိကြောင်းလည်း ဆိုသည်။
“အချိန်မရွေးလာပါ၊ကျတော်တို့ အမြဲတံခါးဖွင့်ထားပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလကပြော သည်။
နိုင်ငံအတွင်း ဆိုးရွားလှသည့် အဖြစ်အပျက်များနှင့် ရင်ဆိုင်ရချိန်တိုင်းတွင် မြန်မာပြည်သူတို့သည် တစ်ဦးကိုတစ်ဦး လက်တွဲဖေးကူထူမပြီး မတ်မတ်ပြန်ရပ်နိုင်ခဲ့ကြသလို ယခုလည်း ပြည်သူတို့၏ ညီ ညွတ်မှုအားနှင့် ငလျင်ဖြစ်ရပ်ဆိုးကြီးကနေ ရုန်းထနိုင်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။
“ကျတော်တို့လူထုကို ကျတော် အပြည့်အဝ ယုံကြည်ပါတယ်”ဟုလည်း ၎င်းက ဆက်လက် ပြောသည်။
ပြည်သူ တစ်ဦးနှင့် တစ်ဦး ကျောချင်းကပ် ရင်ချင်းအပ်ကာ ရင်ဆိုင်ကြပြီး ပြာပုံထဲမှ ရုန်းထကြရ မည်ဟုလည်း ဆိုသည်။
စာတည်း-ML