By Nway / MPA
မန္တလေးမြို့၊အိုးဘိုထောင်တွင် ငလျင်ကြောင့် အဆောင်ပြိုကျခဲ့ပြီး အာဏာပိုင်များက သတင်းအ မှောင်ချထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဆိုသည်။
အိုးဘိုထောင်တွင် အဆောင်ပြိုကျမှုရှိကြောင်း ကနဦး သိရှိထားသော်လည်း ထိခိုက်၊သေဆုံးမှု အခြေ အနေကိုမူ စုံစမ်းလျက်ရှိကြောင်း PPNM က ယနေ့(မတ်၂၉ရက်)သတင်းထုတ်ပြန်သည်။
“စစ်ကိုင်း၊မန္တလေး ထိခိုက်ဆုံးရှုံးမှုတွေက အရမ်းများနေတော့ အိုးဘိုထောင်ထဲရောက်နေသူတွေရဲ့ မိ သားစုဝင်တွေက အကုန်စိတ်ပူနေကြတယ်။ဒီအချိန်မှာ စစ်ကောင်စီအနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ သိပ် အရေးကြီးတယ်။ဘာအကြောင်းနဲ့မှ သတင်းအမှောင်ချစရာမလိုဘူး။အိုးဘိုထောင်အခြေအနေ ကို သူတို့(စစ်ကောင်စီ)ကိုယ်တိုင် တရားဝင်ထုတ်ပြန်ပေးရဦးမှာ”ဟု မုံရွာအခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက MPAသို့ပြောသည်။
အိုးဘိုထောင်အာဏာပိုင်များက သတင်းအမှောင်ချထားသဖြင့် သတင်းအတိအကျရရန် ခက်ခဲလျက် ရှိကြောင်း PPNMကဆိုသည်။
PPNM ၏ ကနဦးစုံစမ်းသိရှိမှုများအရ ဒိုက်ဦးထောင်၊ ညောင်ဦးထောင်၊ပုသိမ်ထောင်၊ မိတ္ထီလာထောင်၊ သာယာဝတီထောင် ၊အင်းစိန်ထောင်၊ သရက်ထောင် ၊မအူပင်ထောင်၊ တောင်ငူထောင်နှင့် ကလေးထောင် တို့တွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အကျဉ်းသားအားလုံး ထိခိုက်မှုမရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
မန္တလေးတိုင်းတွင် ငလျင်ကြောင့် သေဆုံးသူဦးရေ ၆၉၄ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၁၆၇၀ ရှိကြောင်း စစ်ကောင်စီ က မတ်လ ၂၈ ရက်၌ ထုတ်ပြန်ထားသည်။
စာတည်း-ML