By MPA
မြန်မာနိုင်ငံအတွက် ကနဦး အရေးပေါ်အကူအညီအဖြစ် ယူရိုနှစ်သန်းခွဲ ပံ့ပိုးသွားမည်ဖြစ် ကြောင်း ဥရောပသမဂ္ဂ က ထုတ်ပြန်သည်။
ယခုအကူအညီသည် မြန်မာနိုင်ငံရှိ အထိခိုက်အလွယ်ဆုံးသူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အသက်များကို ကယ်တင်ရန်အတွက် အထောက်အကူဖြစ်စေမည်ဟု ဆိုသည်။
ဥရောပသမဂ္ဂသည် နောက်ထပ်အကူအညီများ ပေးအပ်ပံ့ပိုးနိုင်ရန်အတွက် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်လျက်ရှိကြောင်း သိရသည်။
ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် အလွန်စိုးရိမ်ဝမ်းနည်းမိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက မတ်၂၈ရက်တွင် ထုတ်ပြန်ထားသေးသည်။
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ထောက်ပံ့ထားသော ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စုစုပေါင်း ယူရို ၃၅ သန်းအထိ ရှိပြီ ဖြစ်ကြောင်း လည်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက ယနေ့(မတ်၂၉ရက်)ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။