By Ra Wai / MPA
ငလျင်ဒဏ်ကြောင့် ရန်ကုန်တွင် တစ်ရက်လျှင် လေးနာရီခန့်သာ ရေတင်နိုင်ရန်အတွက် အလှည့်ကျ လျှပ်စစ်မီးပေးနိုင်မည် ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ထုတ်ပြန်သည်။
ယနေ့(မတ်၂၉ရက်)နံနက်ငါးနာရီမှ စတင်ကာ အုပ်စုခြောက်စုခွဲ၍ တစ်အုပ်စုလျှင် လေးနာရီကျ လျှပ်စစ်မီးပေးမည်ဟု ဆိုသည်။
“ငလျင်လှုပ်ပြီးကတည်းက အခုထိ မီးမလာသေးဘူး။ဖုန်းလိုင်းကလည်း အခုထိ ဆိုးနေတုန်းပဲ။ဖုန်း ခေါ်တယ်၊မဝင်ဘူး။ဖုန်းဝင်တယ်၊ကိုင်လို့မရဘူး။အဲလိုဖြစ်နေတယ်။အင်တာနက်လိုင်းကတော့ ပုံမှန် ပဲ”ဟု သာကေတ၊ငါးရပ်ကွက်နေ ပြည်သူတစ်ဦးက ယနေ့နံနက်ကိုးနာရီခွဲကျော်တွင် MPAသို့ ပြော သည်။
ယနေ့နံနက်အစောပိုင်းတွင် လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့၌ လျှပ်စစ်မီးပြန်လာကြောင်း လှိုင် မြို့နယ်၊ဘူတာရုံလမ်းနေ ပြည်သူတစ်ဦးကပြောသည်။
မေလ၂၈ရက်က လှုပ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်ကြောင့် ဓာတ်အားပေးစနစ်ထဲသို့ ဓာတ်အား ထုတ်လုပ်ပို့လွှတ်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ ချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း လတ်တလော ကာလအတွင်း ရန်ကုန်တိုင်းရှိ Gas Turbine များမှ ဓာတ်အားထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း YESC ကဆိုသည်။
နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ချိတ်ဆက် ပို့လွှတ်ပေးနိုင်ပါက ပုံမှန်အတိုင်း ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း YESC ကအသိပေးထားသည်။
စာတည်း-ML