By Nway / MPA
မြန်မာကလေးငယ် ခြောက်သန်းသည် အဆိုးရွားဆုံး လူသားစာနာအကျပ်အတည်း ဒုက္ခ နှင့် ရင်ဆိုင်နေရကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။
ဖေဖော်ဝါရီ ၄ရက်၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သည့် Executive Board of the United Nations Children’s Fund (UNICEF) ၏ ၂၀၂၅ ခုနှစ်အတွက် ပထမအကြိမ် ပုံမှန်အစည်းအဝေး၌ သံအမတ်ကြီးက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“စစ်တပ်က ကလေးလည်းမချန်၊အမျိုးသမီးလည်းမချန် သူတို့အာဏာအတွက်ဆိုရင် ဘယ်သူ့ကိုမဆို သတ်ရဲဖြတ်ရဲတာ တစ်ကမ္ဘာလုံးကသိကြပါတယ်။ကုလသမဂ္ဂမှာဆိုရင် မြန်မာပြည်သူတွေ၊မြန်မာက လေးတွေ ဘယ်လောက်ထိ စစ်တပ်သတ်လို့သေနေတယ်ဆိုတာ ကိန်းဂဏန်းအခိုင်အမာရှိတယ်။ဒါ ပေမဲ့၊စုတ်သတ်ရုံကလွဲပြီး ကြေညာချက်ထုတ်ကန့်ကွက်ရုံကလွဲပြီး ဘာမှလက်တွေ့ကူညီမှုမရှိတာ အခု လေးနှစ်ရှိပါပြီ။နွေဦးတော်လှန်ရေးအောင်ပြီးရင် မြန်မာပြည်သူတွေကန့်ကွက်ရှုတ်ချ ဆန္ဒပြရ မယ့်အထဲ ကုလသမဂ္ဂလည်း ထိပ်ဆုံးကပါတယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက MPAသို့ပြောသည်။
ထို့ပြင် သုံး ဒဿမငါးသန်းခန့်သော ပြည်တွင်းနေရပ်စွန့်ခွာသူများအနက် ၃၃ ရာခိုင်နှုန်း မှာ ကလေးငယ်များ ဖြစ်ကြောင်းလည်း သံအမတ်ကြီးကပြောသည်။
စစ်တပ်က လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည် စခန်းများနှင့် အခြားသော အဆောက်အအုံများကိုပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုမှာ နှစ်စဉ် မြင့်တက်၍ လာခဲ့ကြောင်း ၂၀၂၄ ခုနှစ် တစ်နှစ်တည်း၌ စစ်တပ်က ကျူးလွန်သည့် လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၃၁၅ကြိမ် အထိ ရှိခဲ့ပြီး အချို့သော ကလေးငယ်များမှာ ယာယီစခန်းတဲများနှင့် ဗုံးခိုကျင်းများတွင် ပညာသင်ကြားနေကြရကြောင်း ၎င်းကပြောသည်။
စစ်တပ်နှင့် ၎င်း၏ လက်ပါးစေများက ကျူးလွန်သည့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် သတ်ဖြတ်ခြင်းများကြောင့် ကလေးငယ် အများစုမှာ အသက်သေဆုံးခြင်း၊ မိဘမဲ့ဖြစ်ခြင်းနှင့် မသန်စွမ်း ဘဝသို့ ရောက်ရှိခဲ့ရကြောင်းလည်း ဆိုသည်။
ကလေးငယ်များအား အကာအကွယ် ပေးရေးသည်သက်ဆိုင်ရာနိုင်ငံ၏ အဓိက တာဝန်ဖြစ်သည်ကိုနားလည်သော်လည်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ အကူအညီ လိုအပ်နေကြောင်းကလေးငယ်များ၏ အသက်ကို ကယ်တင်နိုင်ရေးအတွက် စစ်တပ်ထံသို့ ဂျက်လေယာဉ်ဆီများ စီးဆင်းမှုဖြတ်တောက်ရန် ကြိုးပမ်းအားထုတ်မှုများအား ကူညီပေးကြရန် နိုင်ငံတကာ အသိုက်အဝန်းနှင့် UNICEF အပါအဝင် ကုလသမဂ္ဂ အေဂျင်စီများကို တိုက်တွန်း မေတ္တာရပ်ခံ လိုကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။
စာတည်း-ML