ရခိုင်ပြည်နယ် သံတွဲမြို့တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့များက ဆယ်တန်းကျောင်းသူတစ်ဦး အပါအဝင် အမျိုးသမီး သုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့်ဆက်စပ်သည်ဟု စွတ်စွဲပြီး နိုဝင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
သံတွဲမြို့ ၊အမှတ် ၇ ရက်ကွက်မှ အသက် ၁၇ နှစ်သာရှိသေးသည့် ဆယ်တန်းကျောင်းသူ မသိမ့်အေးချမ်း သံတွဲမြို့ အမှတ်(၁)ရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ်၊မခင်စန္ဒာဝင်း၊ ငပလီမြို့၊ ဇီးဖြူကုန်း ရပ်ကွက်မှ အသက် ၃၅ နှစ်အရွယ် မငြိမ်းအေးဖြိုးကျော်တို့ကို နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်းက ၎င်းတို့ နေအိမ်တွင် ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။
” စစ်ဆေးစရာရှိတယ်။စခန်းကို ခဏလိုက်ခဲ့ဆိုပြီးတော့ အိမ်ကနေ ခေါ်သွားတယ်။ရဲတွေနဲ့အတူ စခန်းမှူးရော့ ရပ် ကွက်အုပ်ချုပ်ရေးမှူးရော့ ပါကြတယ်။ ” ဟု မသိမ့်အေးချမ်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်တပ်အား ခုခံတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ လှုပ်ရှားမှု မရှိသေးသည့် ရခိုင်ပြည်နယ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသမီးသုံးဦးကို PDF နှင့် ဆက်စပ်သည်ဟု ဆိုကာ စွပ်စွဲဖမ်းဆီးခဲ့ကြခြင်းလည်း ဖြစ်သည်။
ဆယ်တန်းကျောင်းသူ မသိမ့်အေးချမ်းကို KBZ Pay ဖြင့် PDF အဖွဲ့တစ်ခုသို့ ငွေလွှဲထားသည်ဟု ဆိုကာ ဖမ်းဆီးခြင်းဖြစ်ကြောင့် သိရသည်။
” ကလေးမကို KBZ Pay နဲ့ PDF ကို ငွေလွှဲတယ်လို့ပြောတယ်။ဒါကြောင့်ဖမ်းရတာပါလို့ပြောပါတယ်။” ဟု မသိမ့်အေး ချမ်း၏ မိသားစုဝင်က ပြောသည်။
လက်တလောတွင် အဆိုပါအမျိုးသမီးသုံးဦးကို သံတွဲမြို့မရဲစခန်းမှာ ထိန်းသိမ်းထားကာ မည်သည့်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်ကို မသိရသေးကြောင့်လည်း မိသားစုဝင်များက ပြောသည်။
ရခိုင်တွင် PDF နှင့်ဆက်စပ်သည့် စွပ်စွဲချက်ဖြင့် ငပလီမြို့မှ အသက် ၄၂ အရွယ် ဦးစိန်ချစ်၊အသက် ၂၄ နှစ်အရွယ် ကိုရဲနိုင်ဦး၊ မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကိုမင်းဒီပါ(ခ) ကိုအောင်နိုင်မြင့်တို့ကိုလည်း စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲဆိုထားသည်။
စစ်အာဏာသိမ်းမှုများ စတင်ခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင် ရခိုင့်တပ်မတော် (အေအေ)နှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲများရပ်တန့်လျက်ရှိသကဲ့သို့ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်လှုပ်ရှား မှုများလည်း မရှိသေးပေ။
Three Women in Rakhine including a 10-Grader Arrested Accusing them of Associating with PDF
By MPA
In Rakhine State’s Thandwe town, police forces under the terrorist military arrested three women, on November 3, including one who is a tenth grader accusing them of associating with the people’s defense forces (PDF).
A 17-year-old tenth grader Ma Theint Aye Chan who lives in ward 7 of Thandwe town; Ma Khin Sandar Win (28) who lives in ward 1 of Thandwe and Ma Nyein Aye Phyoe Kyaw (35) who lives at Zee Phyu Kone ward of Ngapali town were arrested at their homes on November 3 evening.
“They took them from their homes to the station saying they needed to check them. With the police and the police station chief and the ward administrator as well”, said a member of Ma Theint Aye Chan’s family.
It was the first arrest in Rakhine State – three women accusing them of associating with the PDF – where no activity has been carried out by the people’s defense forces (PDF).
The tenth grader Ma Theint Aye Chan was arrested with the accusation that she transferred money to a PDF group.
“They accused the kid (girl) that she had transferred money to PDF. They said that’s the reason she was arrested”, said a family member of Ma Theint Aye Chan.
Currently, the women are being detained at Thandwe city police station and nothing is known yet about what charges they would be sued on, family members said.
In Rakhine, U Sein Chit (42) from Ngapali town, Ko Ye Naing Oo (24) and Ko Min Dipar @ KO Aung Naing Myint (23) from Mrauk-U’s Panmaw village were arrested by the SAC and are being sued.
After the military coup on February 1, the fight between the Rakhine Army (AA) and the terrorist military has paused and there has been no activity of armed resistance against the military dictator either.