ကော်ဘရာစစ်ကြောင်းနှင့် သုံးထပ်ကွေ့အနီး တွင် တစ်လကျော်ကြာ တိုက်ပွဲ ဖြစ်ပွားနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ ခမရ(၂) မှ စစ်သည် (၄) ဦးသည် သြဂုတ်လ (၃)ရက်နေ့က ကော်ဘရာစစ်ကြောင်းအား ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့ရာ အဆိုပါ စစ်သား(၄)ဦးနှင့် MPA က အမရာက တွေ့ဆုံမေးမြန်းထားပါသည်။
မုံရွာ-မန်းလမ်းမပေါ် တောင်းရမ်းနေသော စစ်သားများ ဒရုန်းဗုံးထိပြီး ၆ဦးသေဆုံးဟုဆို
စစ်ကိုင်းတိုင်း၊ မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် ခရီးသွားပြည်သူများကို ငွေတောင်းရမ်းနေသည့် စစ်သားများအား ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံးကြောင်း Ghost Team Ranger Myinmuက သတင်းထုတ်ပြန်သည်။ မတ်လ ၂၈ရက်က မန္တလေး-မုံရွာလမ်းပိုင်း...