မတ္တရာတွင် ဗိုလ်မှူးတစ်ဦး ပစ်ခတ်ခံရပြီးနောက် မြို့လုံးပတ်လည် တင်းကျပ်စွာစစ်ဆေး၊ တစ်ဦးမျှ အဖမ်းမခံရဟုဆို
မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော စစ်ကောင်စီဗိုလ်မှူးတစ်ဦး ကျည်သင့် သေဆုံးပြီးနောက် စစ်သားများက မြို့လုံးပတ်လည် တင်းကျပ်စွာ စစ်ဆေးခဲ့သော်လည်း တစ်ဦးမျှ အဖမ်းမခံရကြောင်းသိရသည်။ ဧပြီ ၂၄ရက်၊နံနက်ပိုင်းတွင် မတ္တရာမြို့ပေါ်ရှိ ‘ စု’လက်ဖက်ရည်ဆိုင်၌ မြို့နယ်စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူး...