ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ရှိ အမှတ်(၁) ချစ်ကြည်ရေးတံတားထိပ်ရှိ စိန်တည်းခိုးခန်းအနီးတွင် ဧပြီလ ၂၃ ရက်နေ့ ည၁၁နာရီခန့်က ပြင်းအားမြင့် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။
တွင် ပြင်းအားမြင့်ဗုံးပေါက်ကွဲမှုဖြစ်ပွါးကာ ကားနှစ်စီးပျက်စီးသွားခဲ့ကြောင်း မြဝတီမြို့နေသူတစ်ဦးက ပြောသည်။
“စောစောပိုင်းကပေါက်တာ။နာရီဝက်လောက်ပဲရှိဦးမယ်။ရဲတွေလဲရောက်နေတယ်။ထိုင်းဘက်ကတောင် ယမ်းနံ့တွေရတယ်ပြောတယ်။အသံက အကျယ်ကြီးပဲ ”ဟု မြဝတီမြို့နေသူတစ်ဦးက ပြောသည်။
အဆိုပါဗုံးပေါက်ပွဲမှုနှင့်ပတ်သက်ပြီး မြဝတီမြို့၊ကျောက်ခတ် ရှိ KNLAတပ်ဖွဲ့အားဆက်သွယ်မေးမြန်းရာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဟာ ဟုတ်မှန်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွါးနေပြီး မည်သည့်အဖွဲ့အစည်းကပြုလုပ်သည်ကို မသိရှိကြောင်း ရှင်းပြသည်။
“ပေါက်တာဟုတ်တယ်။ဘယ်ကဖောက်လဲမသိဘူး။လောလောဆယ်မီးလောင်နေတယ်”ဟု မြဝတီမြို့၊ကျောက်ခတ် ရှိ KNLAတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့်KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လ၂၇ ရက်နေ့က၊တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်၊အာရှလမ်းပိုင်းဖြတ်သန်းသွားလာမှုကို ရက်အနည်းငယ် ပိတ်ထားခဲ့သည်။
လက်ရှိတွင် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ် Express ကားများနှင့်၊ အိမ်စီးကားများကို အချိန်ကန့်သတ်ချက်ဖြင့် နံနက် ၆ နာရီမှ ည ၇ နာရီအထိ ပြန်လည်ဖြတ်သန်း သွားလာခွင့်ပေးထားကြောင်း ၂၀၂၂ ခုနှစ်၊ဧပြီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း၊ဒူးပလာခရိုင်မှ ထုတ်ပြန်ထားသည်။