KNLA တပ်မဟာ( ၄ )နယ်မြေရှိ တပ်ရင်းတစ်ခုကို စစ်ကြောင်းထိုးရန် အကြမ်းဖက် စစ်ကောင်စီတပ်များ စခန်းချပြင်ဆင်နေကြောင်း ဒေသခံရင်းမြစ်များက ပြောသည်။
ပုလောမြို့နယ်အခြေစိုက် ၂၈၅တပ်ရင်းမှအကြမ်းဖက် စစ်ကောင်စီတပ်သားများသည် Faw အမျိုးအစားစစ်ကား၂၀စီး၊ စစ်အင်အား တပ်စိပ်တစ်စိပ်စာဖြင့် ပုလောမြို့နယ် ပြည်ခြားကျေးရွာအနီးတွင် စခန်းချပြင်ဆင်နေကြောင်း မြေပြင်သတင်းအချက်အလက်များအရ သိရသည်။
“ အခုစကစဘက်က ရိက္ခာပို့တာတွေကို ကားမသုံးပဲ မြင်းသုံးပြီး လုပ်နေတယ်။လက်နက်ကြီးတွေပါတယ်။စ ကစအင်အားကတော့နည်းတယ်။လတ်တလော အင်အား ၂၀ကျော်ရှိတယ်”ဟု KNLA တပ်မဟာ ( ၄ )ရှိ တပ်ခွဲတစ်ခု၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ စခန်းချပြင်ဆင်မှုကို ယနေ့နံနက် ၁၁နာရီက စတင်လုပ်ဆောင်နေပြီး ရိက္ခာဖြည့်တင်းမှုများကိ တပြိုင်တည်းလုပ်ဆောင်နေကြောင်း သိရသည်။
ယင်းစခန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးရန်လာသည့် စစ်ကားအစီးရေ ၂၀ နှင့် ကားမောင်းသူသာထားရစ်ပြီး ခန့်မှန်းအင်အား ၈၀ကျော်သည် ပုလောမြို့၊ပြည်ခြားကျေးရွာနှင့် အာသောဝကျေးရွာ(ကရင်ရွာ)အနီးအနားရှိ ရော်ဘာတောများတွင် ကင်းဝပ်နေရာယူထားကြောင်း မြေပြင်သတင်းအချက်အလက်များအရသိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုး တိုက်ခိုက်မှုကို KNUတပ်မဟာ (၄) အနေဖြင့် ခံစစ်အနေအထားတွေပြုလုပ်နေပြီး အသင့်စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။