ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့ကြား ဇန်နဝါရီလ ၁၇ ရက်နေ့စတင်ပြီး ကျောက်တော်မြို့နယ်မှာ စစ်ရေးတင်းမာနေကြောင့် ဒေသခံများက ပြောသည်။
” ခုချိန်ထိ စစ်ကောင်စီဖက်က ဝင်စုရွာမှာရှိနေတုန်းပါ။နောက်ပြီး အဲဒီနားကမွတ်ဆလင်ဆေးခန်းမှာလည်း တပ်စွဲထားကြတုန်းပါ။ပိချောင်းထဲမှာတော့ရေတပ်ကနေဗီကိုရပ်ထားပြီး ရေလမ်းခရီးအသွားအလာတွေကို ပိတ်ထားပါတယ်။” ဟု ဒေသခံရွာသားတစ်ဦးက MPA သို့ပြောသည်။
အဆိုပါစစ်ရေးတင်းမာမှုမှာ ရခိုင်ပြည် နယ်၊ကျောက်တော်မြို့နယ်မြောက်ပိုင်း ၊ပီထုကျေးရွာအနီးဝန်းကျင်တွင် ရက္ခိုင့်တပ်တော် (AA)နှင့်အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား မနေ့ကစတင်ဖြ စ်ပွားနေကာ စစ်ကောင်စီဖက်မှ အင် အား ၂၀၀ နီးပါးထပ်တိုးထားကြောင့်လည်း ဒေသခံများက ပြောသည်။
” စစ်တပ်ဖက်က အေအေကို ဖြတ်လေးဖြတ်ပြန်လုပ်ချင်နေတာလားမသိဘူး။ဒါမှမဟုတ် တိုက်ပွဲဖြစ်တယ်ဆိုပြီး ရွာကိုတွေ ရမ်းသမ်းပစ်ချင်နေတာလားပေါ့။စစ်တပ်ဖက်က ရှေ့မတိုးရင်တော့ဘာမှမဖြစ်ပါဘူး။” ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့စစ်ရေးတင်းမာနေမှုကြောင့် အနီး အနားရှိကျေးရွာတချို့မှ ကလေးသူင ယ်နှင့်သက်ကြီးရွယ်အိုအပါအဝင် ရွာ သားတချို့ မနေကစတင်ကာ ကျောက် တော်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင့် ပီထုရွာသားတစ်ဦးက ပြောသည်။
” ခုချိန်က နှစ်ဖက်စလုံးမှာ တိုက်ပွဲဖြစ်ဖို့အဆင်သင့်မဖြစ်သေးဘူးလို့မြင်ပါတ ယ်။ စစ်တပ်ဖက်ကတော့ အေအေကိုသွေးတိုးစမ်းချင်နေတာလားတော့မသိဘူး။စစ်တပ်ဖက်ကရှေ့တိုးလာရင်တော့ တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။” ဟု ဒေသခံတစ်ဦးက သူအမြင်ကို ပြောသည်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နှင့်အာ ဏာသိမ်းစစ်ကောင်စီတပ်တို့ကြား တို က်ပွဲများရပ်တန့်နေသော်လည်း စစ်ကောင်စီဖက်က စစ်ရေးလှုပ်ရှားမှုများ၊လက်နက်ရိက္ခာဖြည့်တင်းမှုများ၊ လက်န က်စမ်းမှုနှင့် စစ်သားမိသားစုဝင်များကိုစစ်သင်တန်းပေးနေမှုများကို ဆက်တိုင်း ပြုလုပ်နေသည်။
” ပြီးခဲ့တဲ့ရင်ပိုင်းက စစ်တပ်ကလက်န က်သယ်တဲ့နေဗီကြီးတစ်စီး စစ်တွေသို့ရောက်တယ်။ ဒီနေ့ ၁၂ နာရီလောက်ကတော့ စစ်တွေဖက်ကနေ ဘူးသီးတောင်ဖက်သို့ စစ်ရဟတ်ယာဥ်တစ်စီးပျံသွားပါတယ်။စစ်တပ်ဖက်ကတော့ စစ်ရေးပြင်ဆင်နေတယ်လို့ ပြောလို့ရပါတယ်။” ဟု ရခိုင်ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ရက္ခိုင့်တပ်တော်(AA)အနေနှင့်လွတ်လ ပ်ရေးကို သေချာပေါက်လိုချင်ကြောင်းနှင့်ဖိုးဖီးတို့မြေကိုပြန်ရရန် အင်အားသုံးသောင်းကနေငါးသောင်းထိလိုအပ်ကြောင့် ရက္ခိုင်တပ်တော်(AA)၏ စစ်ဦး စီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က နိုင်ငံ တကာ မီဒီယာသို့ ပြောဆို ထားသည်။
အာဏာသိမ်းစစ်တပ်သည် ပြည်သူ့ခံခုတော်လှန်စစ်များကို နိုင်ငံအနှံ့အပြားရင်ဆိုင်ကြုံတွေ့နေရချိန် တိုက်ပွဲများရပ်တန့်နေသော ရခိုင်မှာ စစ်ရေးပြင်ဆင်မှုများကြောင့် ထိုသို့စစ်ရေးတင်မှုများကို ထပ်မံကြုံတွေ့လာရခြင်းဖြစ်သည်။
( ဓာတ်ပုံ – စစ်ရေးတင်းမာနေသည့် ကျောက်တော်မြို့ရှိ စစ်ကောင်စီတပ်မ / MPA )
#ရခိုင်ပြည်နယ် #စစ်ရေးတင်းမာ #AA #အကြမ်းဖက်စစ်ကောင်စီ #MPA