မန္တလေးတွင် အောက်တိုဘာလ၁၈ရက်နေ့ နံနက်ပိုင်း၌ပြုလုပ်မည့် မန္တလေးလူငယ်သပိတ်စစ်ကြောင်း မစတင်မီတွင်ပင် အကြမ်းဖက်စစ်တပ်က သေနတ်ပစ်ဖောက်ဖြိုခွင်းခဲ့ပြီး သပိတ်စစ်ကြောင်းလူငယ််၆ဦး ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။
ဆန္ဒပြသပိတ်စစ်ကြောင်းမပြုလုပ်မီ မဟာအောင်မြေမြို့နယ် ၃၇လမ်းနှင့်၃၈လမ်းကြား၊ ၆၉လမ်းတွင် အကြမ်းဖက်စစ်တပ်မှ သေနတ်ပစ်ဖောက်ခြင်း၊ ကားဖြင့်တိုက်ဖမ်းခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ကျား၄ဦးနှင့် မ၂ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သပိတ်စစ်ကြောင်း လူငယ်များထံမှ သိရသည်။
“ ကျနော်တို့ သပိတ်ထွက်ဖို့ပဲရှိသေးတယ်။ ကားနဲ့ရှေ့ကနေတိုက်ပြီးဖမ်းတယ်။ ဆိုင်ကယ်တွေလည်းတိုက်မိတယ်။ နောက်တစ်လမ်းကပြေးမယ်လုပ်တယ်။ နောက်တစ်စီးနဲ့ ထပ်ပိတ်ဖမ်းတယ်။ နှစ်ဆင့်တိုက်ဖမ်းတာပေါ့။ သေနတ်ဖောက်တယ်။ အဲ့ကြားကနေ မရရအောင်ထွက်ခဲ့တာပေါ့ ” ဟုသပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သပိတ်စစ်ကြောင်းမှ လူငယ်၂၀ဦးခန့်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အဆိုပါသပိတ်လူငယ်က ”အချို့ပေ့ဂျ်တွေမှာ၂၀ခန့်ဒဏ်ရာရရှိတယ်ဆိုတာ ပစ်လို့ဒဏ်ရာရရတာမဟုတ်ဘူး။ ပြေးရင်းလွှားရင်း ပွန်းပဲ့တာလို့ပြောလို့ရပါတယ် ’ ဟုဆိုသည်။
ထိုသို့ ပစ်ခတ်ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး မန္တလေးတိုင်းမှ အကြမ်းဖက်စစ်တပ်လက်အောက်အဖွဲ့အစည်းများသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှုကျူးလွန်ထားသည်မှာ ၈လကျော်ကြာမြင့်လာပြီး မြို့ကြီးအများအပြားတွင် လုံခြုံရေးများတင်းကျပ်ထားသော်လည်း ဆန္ဒပြသပိတ်စစ်ကြောင်းများအနေဖြင့် အားကောင်းမောင်းသန် ဆက်လက်ထွက်ပေါ်လျက်ရှိနေဆဲဖြစ်သည်။
“အခုက လက်နက်ကိုင်တော်လှန်ရေးစတာကတပိုင်း၊ ဒီကောင်တွေ မြို့ပေါ်မှာအုပ်ချုပ်ခွင့်မရဘူးဆိုတာသိဖို့ လူထုအနေနဲ့ စစ်အာဏာသိမ်းထားတဲ့အပေါ်မှာ ငြိမ်သက်မသွားဖို့ ဒီလိုမျိုး မြို့ပြပြောက်ကျားသပိတ်တွေက ဆက်လက်ထွက်ပေါ်နေကြရဦးမှာပါပဲဗျ ”ဟု ရန်ကုန်တွင် သပိတ်စစ်ကြောင်းများ၌ ပါဝင်ဆင်နွှဲနေသူတစ်ဦးက ဆိုသည်။
Mandalay Youth Strike Cracked Down with Gunshots and Six Young People Arrested
By MPA
In Mandalay, before starting the planned Mandalay Youth Strike in the morning, the terrorist military cracked down with gunshots and six young people were arrested.
Before the strike started, the terrorist military came in between the 37 and 38 streets and the 69th street of Mahar Aung Myay Township firing gunshots; four males and two females were arrested, according to youths from the strike.
“We were just about to start the strike. They arrested blocking us with their truck in the front. There were also motorbike clashes. We tried to run from the other lane. Another truck blocked us there. We were arrested two ways. There were gunshots. We had to come out of that situation”, said one strike participant.
Currently, even though rumors had it that at least 20 young people were injured in the shooting arrest of the terrorist SAC, “Some pages had that about 20 had some injuries, not bullet wounds. We can say they are just scratches or bruises sustained while running”, it was said.
Regarding the shooting arrest, organizations in Mandalay under the terrorist military were contacted via phone, but could not be reached.
Currently, it’s been over eight months that the terrorist military has committed the coup. Despite heavy security deployment in big cities, protests continue to be strong.
“Now, armed resistance is one part. Urban guerilla protests have to go on to let them know that they cannot rule and for the public to not go cold on the military coup, a strike participant in Yangon said.