အာဆာ(Arakan Rohingya Salvation Army)တပ်မှူးတစ်ဦးကို APBN တပ်ဖွဲ့ဝင်များက ဘင်္ဂလားဒေ့ရှ်IDPs Campထဲမှ အောက်တိုဘာ ၁၁ ရက်၊ယနေ့ဖမ်း ဆီးရမိကြောင်း သိရသည်။
အဆိုပါအာဆာတပ်မှူး မူဟာမတ်ဆော်လိမ်ကို ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဇင်တူလီ Camp တာဝန်ခံအဖြစ်နေထိုင်နေရာမှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုဘင်္ဂလားဒေ့ရှ်IDPs Campအတွင်းရိုဟင်ဂျာအရေးလှုပ်ရှားသူခေါင်းဆောင်တစ်ဦးပစ်သတ်ခံရပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းက တရားခံများအားဖော်ထုတ်ဖမ်းဆီးရန်ဖိအားပေးမှုများရှိခဲ့သည်။
ထို့နောက် သတ်ဖြတ်ခံရသူအားလုပ်ကြံခဲ့သည့်သံသယဖြင့် Camp ထဲမှတချို့ကို ဖမ်းဆီးစစ်ဆေးနေပြီး ယခုရက်ပို င်းအတွင်းနောက်ထပ်ဖမ်းဆီးရမိသူ များတွင် အာဆာတပ်ဖွဲ့ဝင်များပါဝင်လာဖြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dr. Ab dul Momenက အောက်တိုဘာလ ၅ရက်နေ့က ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ တ ရားမဝင် ဝင်ရောက်မှုများကို ပစ်ခတ်နှိမ်နှင်းမည်ဟု ထုတ်ဖော်ပြောကြားထားပါသည်။
( Photo -ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဇင်တူလီIDPs Campထဲမှ အောက်တိုဘာ ၁၁ ရ က်နေ့ဖမ်းဆီးရမိသည့် အာဆာတပ်မှူး မူဟာမတ်ဆော်လိမ် )