Photo – Myanmar Pressphoto Agencay
နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါနှစ်ဦးထံမှ လက်နက်/ခဲယမ်းနှင့် စိတ်ကြွဆေးပြားများ သိမ်းဆည်းရရှိပြီးနောက် သာကေတမြို့နယ်ရှိ ACE Group of Companies အတွင်းသို့ အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများမှ ၀င်ရောက်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သေနတ် နှစ်လက်နှင့် မူးယစ်ဆေးဝါးအချို့ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အကျဉ်းထောင် ၃ ခုမှ လွတ်ငြိမ်းဖြင့်လွတ်မြောက်လာသူများတွင် နိုင်ကျဉ်း ၂ ဦးသာပါဝင်
မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် စစ်ကောင်စီကပေးသည့် လွတ်ငြိမ်းချမ်းသာတွင် ပဲခူးတိုင်းအနောက်ခြမ်းရှိ သာယာဝတီ၊ ပေါင်းတည်၊ ပြည် အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသား ၁၅၈ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးသာပါဝင်ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။ သာယာဝတီ အကျဉ်းထောင်မှ လွတ်ငြိမ်းဖြင့်လွတ်မြောက်လာသည့် ...