By MPA
မဂ်လာဒုံမြို့နယ်ရှိရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှလေယာဉ်ကိုးစင်းအောက်တိုဘာလ၃ရက်နေ့နံနက်ပိုင်းတွင် ပျံတက်သွားကြောင်းသိရသည်။
ဒီကနေ့နံနက်ပိုင်းတွင်မဂ်လာဒုံလေဆိပ်မှတစ်ကြိမ်လျှင်သုံးစီးနှုံးဖြင့်လေယာဉ် ကိုးစင်းပျံတက်သွားသည်ကိုတွေ့မြင်ရကြောင်းဒေသခံများ၏ပြောပြချက်အရသိရသည်။
“ တစ်ကြိမ်မှာသုံးစင်းနှုန်းနဲ့မနက်၇နာရီလောက်က၁ကြိမ်၊နောက်တော့ကိုးနာရီခွဲလောက်မှာတစ်ကြိမ်၁၀နာရီထိုးလောက်က၁ကြိမ်ပျံတက်သွားတာပါ” ဟုဒေသခံတစ်ဦးကဆိုသည်။
လေယာဉ်ပျံ ပျံတက်သွားသည်ကိုသာတွေ့ရသော်လည်းမည်သည့်အမျိုးအစားကိုမူသိရှိရခြင်းမရှိသေးပေ။ MPAအနေဖြင့်မဂ်လာဒုံ့လေဆိပ်မှတာဝန်ရှိများထံသို့ဆက်သွယ်မေးမြန်းခဲ့သော်လည်းတစ်စုံတရာတုံပြန်ပြောကြားခဲ့ခြင်းမရှိချေ။
အောက်တိုဘာလ၂ရက်နေ့ကလည်းရန်ကုန်လေဆိပ်မှစစ်ဘက်သုံးလေယာဉ်၄စီးထက်မနည်းပျံတက်ခဲ့သေးသည်။ ည၁၁နာရီခွဲအချိန်ခန့်တွင်လေယာဉ်အများအပြားပျံသန်းသောအသံများကြားခဲ့ရကြောင်းရန်ကုန်ဒေသခံအချို့ကဆိုသည်။
အကြမ်းဖက်စစ်တပ်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းများမှအချို့၏ပြောပြချက်အရစစ်ဖြစ်ပွားနေသည့်စစ်အင်အားတိုးချဲ့သည့်အနေအထားလည်းဖြစ်နိုင်ကြောင်းသိရှိရသည်။
” အဓိကကတော့စစ်ဖြစ်တဲ့နေရာနေတွေကိုရိက္ခာထောက်တာမျိုးလူအင်အားတိုးချဲ့တာမျိုးဖြစ်နိုင်တယ်။အခြားအစီစဉ် တော့အကိုတို့လည်းမပြောတတ်ဘူး။အဲ့လိုပြုံတက်တာမျိုးက သာမန်ဆိုမရှိတတ်ဘူးလေ” ဟု ဒေသခံတစ်ဦးက ၄င်း၏အမြင်ကိုပြောသည်။
လက်ရှိအချိန်တွင် မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊တနသ်ာရီတိုင်းတို့တွင်အကြမ်းဖက်စစ်တပ်နှင့်ဒေသခံပြည်သူ့ကာကွယ်တပ်များအကြားစစ်ရေးအရတင်းမာမှုများ၊စစ်ပွားနေခြင်းများရှိသည်။
#လေယာဉ်ပျံ #MPA #အုပ်စုလိုက်ပျံသန်း #မဂ်လာဒုံ