စိုက်ပျိုးစရိတ်ကြီးမြင့်မှုနှင့် စစ်ပွဲများပိုမိုဖြစ်ပွားလာခြင်းကြောင့် ကြာရှည်မခံသည့်သီးနှံစိုက်ပျိုးမှု လျော့ချလာ
စစ်တပ်အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေးလုပ်ငန်းများတွင် သွင်းအားစုစရိတ်များ ပိုမိုကုန်ကြလာပြီး နိုင်ငံတစ်ဝှမ်း တိုက်ပွဲများပိုမိုပြင်းထန်လာခြင်းကြောင့် ကြာရှည်သိုလှောင်၍မရသည့်သီးနှံစိုက်ပျိုးမှုများ လျော့ချစိုက်ပျိုးလာကြောင်း တောင်သူများထံက စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဆောင်းသီးနှံများပေါ်ထွက်ချိန်တွင် ကြာရှည်သိုလှောင်၍မရသော သီးနှံများဖြစ်သည့် ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ ငရုပ်သီးစသည့် သီးနှံအများအပြားကို အနိမ့်ဈေးဖြင့်ရောင်းထုတ်ခဲ့ကြရသဖြင့်...