ရန်ကုန်မြို့တွင်းရှိ မြို့နယ်အများအပြားတွင်စက်တင်ဘာ ၁၄ရက်နေ့တွင် ရေပြတ်တောက်မှုများဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် ရေကြိုတင်စုဆောင်းထားရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဌာနကအသိပေးထားပါသည်။
၁၄ရက်နေ့တွင် ရန်ကုန်မြို့အတွင်းသို့ ရေပေးဝေလျက်ရှိသော ရေကူးရေတွန်းစက်ရုံဝင်းအတွင်းရှိဂျိုးဖြူရေပိုက်ပေါက်ခြင်းကို နေ့လယ်၁၂နာရီမှ ညနေ၆နာရီအထိ ပြုပြင်သွားမည်ဖြစ်သည့်အတွက်ဃခုကဲ့သို့ အသိပေးခြင်းဖြစ်သည်။
ပိုက်လိုင်းပြုပြင်မှုကြောင့်မဂ်လာဒုံ၊မြောက်ဥက္ကလာပ၊တောင်ဥက္ကလာပ၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ကမာရွတ်၊ စမ်းချောင်း၊အလုံ၊ကြည့်မြင်တိုင်၊ဒဂုံ၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ပုစွန်တောင်၊ မဂ်လာတောင်ညွန့်နှင့်တာမွေမြို့နယ်များတွင်ရေအားလျော့နည်းခြင်း၊ပြတ်တောက်ခြင်းများဖြစ်ပေါ်နိုင်သဖြင့် ရေများကြိုတင်စုဆောင်းထားရန်အသိပေးထားသည်။
ရန်ကုန်မြို့ရှိမြို့နယ်အတော်များများမှာစည်ပင်မှပေးဝေသောရေများကိုအားထားနေရခြင်းဖြစ်ပြီး ရေပြတ်တောက်မှုဖြစ်ပွားပါက အခက်အခဲများဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။