ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ဗဟိုအမှုဆောင်အဖွဲ့ ဒု-ဥက္ကဌဖြစ်သူ ကိုထက်အောင်ကို ပြည်မြို့ရှိနေအိမ်တစ်အိမ်တွင် တိမ်းရှောင်နေစဉ်ဖမ်းဆီးခံရခြင်းဖြစ်သည်။
စက်တင်ဘာလ(၆)ရက်နေ့ညပိုင်း ၁၀နာရီခန့်က လက်နက်ကိုင် အကြမ်းဖမ် စစ်သားများနှင့် အရပ်ဝတ်စစ်ဗိုလ်တစ်ဦးမှ ” စစ်ဆေးမေးမြန်းစရာရှိသည်” ဟုဆိုကာဖမ်းဆီးခေါ်ဆောင်သွားကြောင်းဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ရဲဘော်ကိုထက်အောင်အသုံးပြုလျက်ရှိသော လက်ကိုင်ဖုန်းကို စစ်ဆေးရန်ဟုဆိုကာ လာရောက်ရှာဖွေပြီး ထပ်မံသိမ်းယူသွားခဲ့သည်ဟုသိရသည် ။
နီးစပ်သူများနှင့်စုံစမ်းချက်များအရ ကိုထက်အောင်ကို ပေါင်းတည်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားသပြီး ယနေ့ အချိန်ထိဖမ်းဆီးထိန်းသိမ်းထားခဲ့သည်မှာ(၅)ရက်တိုင်ကြာမြင့်ခဲ့ပြီဖြစ်သည်။
ကျောင်းသားခေါင်းဆောင် ကိုထက်အောင်သည် ရခိုင်အရေးနှင့်ပတ်သက်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သဖြင့် ၂၀၂၀ခုနှစ်နိုဝင်ဘာလအတွင်းက ထောင်ဒဏ်(၁)နှစ်ကျခံခဲ့ရပြီး မကြာမီအချိန်ကာလတွင်းမှ ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
#ဗကသ #ကိုထက်အောင် #ဖမ်းဆီးခံရ #MPA #ပြည်