စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့ရှိ ဒိုးနွယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ၇ရက်နေ့ နေ့လယ်ပိုင်းတွင်ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီးအပြန်တွင် လူသုံးဦးကိုသတ်ဖြတ်ခဲ့ကြောင်းသိရသည်။
သတ်ဖြတ်ခံခဲ့ရသူသုံးဦးအနက်တစ်ဦးမှာဒိုးနွယ်ကျေးရွာသားတစ်ဦး ဖြစ်သူကိုသန်းမြင့်ထွေး ဖြစ်ပြီးကျန်နှစ်ဦးမှာ မည်သူများဖြစ်သည်ကိုသိရှိရခြင်းမရှိသေးချေ။သတ်ဖြတ်ခံရသူ ကိုသန်းမြင့်ထွေးမှာစိတ်ဝေဒနာခံစားနေရသည်ဟုဆိုနိုင်ပြီး မိဘများကိုလုပ်ကိုင်ကျွေးမွေးနေသူတစ်ဦးဖြစ်သည်ဟုဒေသခံများ၏ပြောပြချက်အရသိရှိရသည်။
“ မနက်ကျမှရွာထိပ်မှာအလောင်းသုံးလောင်းတွေ့ရတာပါ။သူတို့ညကထွက်တဲ့အချိိန်မှာသတ်ပစ်ခဲ့တာပါ” ဟုစစ်တပ်ဝင်လာသဖြင့်တိမ်းရှောင်နေရသူဒိုးနွယ်ရွာသားတစ်ဦးကဆိုသည်။
လူသုံးဦးကိုသတ်ဖြတ်ခဲ့သည့်အပြင် ဒိုးနွယ်ကျေးရွာအတွင်းမှ လူနေအိမ်သုံးလုံးနှင့်နွားစာတိုက်တစ်လုံးကိုမီးရှို့ခဲ့ပြီးအိမ်တွင်းမှပစ္စည်းများကိုယူဆောင်သွားကြသည်။
အကြမ်းဖက်စစ်တပ်သည် ဒိုးနွယ်ကျေးရွာကိုဒလန်သတင်းပေးများအရ ပြည်သူ့ကာကွယ်ရေးတပ်များရှိသည်ဟူသောသံသယနှင့်ရှာဖွေမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ၇ရက်နေ့ နေ့လယ်ပိုင်းမှစတင်ဝင်ရောက်ရှာဖွေခဲ့ပြီး ညပိုင်းတွင်ရွာထဲမှထွက်ခွာသွားသည်ဟုသိရသည်။
ဒေသခံအချို့၏ထပ်မံအတည်ပြုပြောပြချက်များအရ အကြမ်းဖက်စစ်တပ်သည် လူသုံးဦးကိုသတ်ဖြတ်ထားခဲ့သော်လည်းမည်သည့်အကြောင်းအရင်းကြောင့် သတ်ဖြတ်ခဲ့သည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးချေ။
လက်ရှိအချိန်တွင် အိမ်ခြေ၁၅၀၀ခန့်ရှိသောတင်သားကျေးရွာသို့ဝင်ရောက်လျက်ရှိနေပြီးနေအိမ်အချို့ကိုမီးရှို့မှုများပြုလုပ်လျက်ရှိနေသည်။
Terrorist Military Killed Three at Doenwe Village of Kalay Town
By MPA
On September 7 afternoon, the terrorist military went for a search on Doenwe village in Kalay township of Sagaing region and they killed three people on their way back.
One of the murdered was a Doenwe villager Ko Than Myint Htwe and the other two still remain unknown. The murdered Ko Than Myint Htwe had mental illness and the was the one looking after his parents, according to locals.
“We only saw the three dead bodies this morning at the village top. They were killed when they were out at night,” said a Doenwe villager who’s in hiding after the military entered the village.
In addition to murdering three people, they also burnt three homes and one cow-shelter and took away household items.
The terrorist military did the search in Downwe after an informant gave news that the People’s Defense Forces were present in the village.
They came in around the afternoon on September 7 and left in the evening.
According further confirmations by locals, it’s still unknown on what reasons the terrorist military killed the three.
Currently, they are searching Tinthar village of about 1500 households and they are reportedly burning houses.
The terrorist military is searching some villages across Sagaing region for PDF suspicion and they have scared the people firing RPGs, arrested the villagers and have carried out arson attacks on villages and robbing foods as well.