[ English Below ]
By MPA
မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူနှင့်အတူပူးပေါင်းပြီး CDMပြုလုပ်ခြင်းမရှိသော ရဲဝန်ထမ်းများနှင့် မိသားစုဝင်များ၏လုံခြုံရေးကို တာဝန်ယူမည်မဟုတ်ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် က စက်တင်ဘာလ ၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
ပြည်သူလူထုနှင့်အတူရပ်တည်မှုမရှိဘဲ အကြမ်းဖက်စစ်တပ်အလိုကျတာဝန်ထမ်းဆောင်နေပြီး CDMဆောင်ရွက်ခြင်းမရှိသောရဲဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ၏အသက် ၊အိုးအိမ်၊စည်းစိမ်တို့ကို လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဒီကနေနံနက်ပိုင်းတွင် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် မြို့သစ်မြို့နယ်၊ရွှေလရောင်ကွက်သစ်ရပ်ကွက်(ဒေသအခေါ်မြောက်ရဲစခန်း)ရဲဝန်ထမ်းအိမ်ယာကို ဗုံးဖြင့်တိုက်ခိုက်ခိုက်ခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်တွင် မကွေးတိုင်းဒေသကြီးတွင် စစ်ရေးအရအခြေအနေများ တင်းမာမှုမရှိသော်လည်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်များသည်ပြောက်ကျားတိုက်ခိုက်မှုများဖြင့် အကြမ်းဖက်စစ်တပ်နှင့် ၎င်းလက်အောက်ခံများကိုမကြာခဏတိုက်ခိုက်လျက်ရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ််ရေးတပ်များအနေဖြင့် အကြမ်းဖက်စစ်တပ်လက်အောက်တွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများကိုCDMလှုပ်ရှားမှုတွင်ပါဝင်နိုင်ရန် လုံခြုံရေးအပြည့်ဝပေးခြင်းများဆောင်ရွက်နေပြီး ပြည်သူနှင့်အတူပူးပေါင်းနိုင်ရန်လည်းဆက်တိုက်တိုက်တွန်းလျက်ရှိသည်။
Photo_ MPA(ရဲတပ်ဖွဲ့ဝင်တစ်ဦး တာဝန်ထမ်းဆောင်နေသောပုံဖြစ်ပါသည်။)
Vishnu People Defense Force Announces Not Responsible for Security of Police and their Families in Magway Region Who Don’t Join CDM
By MPA
The Vishnu People’s Defense Force has announced on September 5 that they are not responsible for the security of police and their families in Magway region who don’t join the CDM to collaborate with the people.
It clarifies that they absolutely won’t be responsible for the life and security of police and their families who don’t join the CDM to stand together with the people but just follow the interest of the terrorist military.
The Vishnu people’s defense force just attacked a police station (locally called North police station) in Shwe La Yawng Kwethit quarter with bombs this morning.
Although there are no military tensions going on currently, there have been frequent gorilla system attacks between the local people’s defense forces and the terrorist military.
The National Unity Government and the People’s Defense Forces have assured security for those serving the terrorist military to join the CDM and have urged to collaborate with the people.
Photo _ MPA (A Policeman on duty)