မြန်မာစစ်တပ်အတွင်း စစ်ဆင်ရေးလိုအပ်ချက် အရ ကပစ၊ လျှပ်စစ် အင်ဂျင်နီယာတပ်များ အပါ အဝင် လက်ရုံးတပ်များမှ စစ်သည်အင်အား ၁၅၀၀ ခန့် စုဆောင်းနေကြောင်း ကပစ တပ်တွင်းရှိ မိသားစုအချို့ထံမှ သိရသည်။
မည်သည့်ဒေသသို့ စေလွှတ်မည်ကို မသိရသေး သော်လည်း အဆိုပါလက်ရုံးစစ်သည်များအား တပ်မ ၈၈ ကွပ်ကဲမှုအောက်တွင် စုစည်းထားရှိရန် ညွှန်ကြားထားကြောင်း သိရသည်။
ပုံမှန်နယ်မြေလုံခြုံရေးတွင် လက်ရုံးတပ်များအနေဖြင့် တပ်တည်ရှိရာ အခြေစိုက်မြို့များတွင် နယ်မြေ လုံခြုံရေးမျှသာ ဆောင်ရွက်ရခြင်းမျိုးရှိပြီး စစ်ဆင်ရေးစေလွှတ်ခြင်းမျိုး မရှိကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်လက်နက်ထုတ် လုပ်ရေးတပ်(ကပစ)များနှင့် အခြားလက်ရုံးတပ် များအနေဖြင့် မူလထုတ်လုပ်ရေးတာဝန်များ ရပ် ဆိုင်းထားသည်။
လက်ရှိတွင် မြန်မာစစ်တပ်အနေဖြင့် ကချင်၊ ကရင်၊ ရှမ်းမြောက်ဒေသ တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေသဖြင့် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေရပြီး ရခိုင် ဒေသတွင်း တိုက်ပွဲများပြန်လည်စတင်ခြင်းမရှိ သေးသော် စစ်အင်အားဖြည့်တင်းမှုများ ရှိနေ ကြောင်း သိရသည်။
ထို့ပြင် ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့ အ တွင်းတွင်လည်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)များနှင့် တိုက်ပွဲများပြင်းထန်နေပြီး မြို့အလိုက်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များနှင့်လည်း မြို့ပြပျောက်ကျားစစ် ရင်ဆိုင်နေရသည်။
စစ်လက်ရုံးဝန်ထမ်းတပ်ဖွဲ့များဖြစ်သည့် ကပစနှင့် လက်နက်ပြင်အင်ဂျင်နီယာတပ်ဖွဲ့များအနေဖြင့် ယခင် ၂၀၁၉ ခုနှစ် မြောက်ပိုင်းမဟာမိတ် တပ် ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်ခဲ့စဥ်က ယာဥ်ပြင်၊ လက်နက်ကြီးများ တိုက်ပွဲအတွင်း အဆင်မပြေမှုဖြစ်ခဲ့လျှင် ပြင်ဆင်ရန်အတွက် လက်ရုံးအကူ စစ်ဆင်ရေး တာဝန်စေလွှတ်ခဲ့ကြောင်း သိရသည်။
Photo- MPA (ရန်ကုန်မြို့ပေါ်တွင် လက်နက်ဖြင့်သွားလာလျက်ရှိသော အကြမ်းဖက်စစ်တပ်အဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်)
1500 Special Servicemen Demanded by Military for Conducting Military Operations
By MPA
The military has asked for 1500 special servicemen from the Defense Services Electrical and Mechanical Engineering Corps for military operations, according to some military families from the defense industry.
Even though nothing has not been revealed about where they would be sent, it’s been directed that they would be under the supervision of the Brigade 88.
The servicemen form the Defense Services Electrical and Mechanical Engineering Corps are not usually sent for such a task as military operations. Normally, they only stay at where the armies are based and only take in charge of community security.
Since the coup, the Defense Equipment Industries have stopped manufacturing military weapons and Electrical and Mechanical Engineering Corps also paused original productions.
Currently, the Myanmar military is under military tensions with the Kachin, Karen and Northern Shan Ethnic Armed Organizations and they are also reinforcing their forces in Rakhine as well even though no fighting has broken out there.
In addition, the military is also facing intense clashes with local defense forces in Chin and Kayah States. They’re also being faced with urban gorilla groups formed in respective townships.
The servicemen from the Defense Services Electrical and Mechanical Engineering Corps were sent for operation – for repair in case of technical issues with weapons – during intense clashes against the Northern Allied Forces in 2019.
Photo – MPA (Some terrorist soldiers walking around Yangon city with arms)