စစ်အာဏာသိမ်းပြီးနောက် စစ်တပ်သို့ဝင်ရောက် မည့်သူ ရှားပါးနေသဖြင့် တပ်သားသစ်တစ်ဦးလျှင် ကျပ်၂၅ သိန်းထိ ပေး၍ လိုက်လံစည်းရုံးနေရ ကြောင်း စစ်တပ်အသိုင်းအဝိုင်းထံမှ သိရသည်။
ယခင် စစ်အာဏာမသိမ်းမီ ကာလကပင် စစ်တပ်သို့ ဝင်ရောက်မည့်သူများအနေဖြင့် ပညာအရည်အချင်းအလိုက် ၅သိန်းမှ ၁၅သိန်းထိပေး၍ စည်း ရုံးနေရရာမှ ယခုပိုမို၍ ဝင်ရောက်မည့်သူရှားပါးလာခြင်းဖြစ်ကြောင်း သိရသည်။
” အရင်က ရေတပ်တို့၊ လေတပ်တို့ ၈တန်းအောင်၊ ၁၀တန်းအောင်ဆိုရင် ၁၀သိန်းကျော်ပေးတယ်။ စုဆောင်းရေးမှာ အပ်လို့ပြေစာထွက်ပြီဆိုရင် သူ့ မိသားစုကို ပေးလိုက်တာပေါ့။ စျေးကတော့ အမျိုးမျိုးပဲ။ ခြေလျင်၊ ခြေမြန်ဆို သက်သက် တစ်မျိုးရှိတယ်။ ခုက ဘယ်တပ်ထဲသွင်းသွင်း ပညာ အရည်အချင်းနည်းလည်း ၂၅သိန်းလောက် ပေးတာတောင် ရှာရဖွေရခက်နေတယ်။ တပ်သားသစ်ကရွှေထက်ရှားတယ်။ ရွှေကပိုက်ဆံရှိရင်ဝယ်လို့ရသေးတယ် ” ဟု အမည်မဖော်လိုသည့် နယ်မြေအနှံ့ တပ်သားသစ်စုဆောင်းနေသူတစ်ဦးက MPA သို့ ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ လုပ်ရပ်များကြောင့်လည်း ယခုကဲ့သို့ ဝင်မည့်သူရှားပါး လာ၍ ရှာရဖွေရခက်ခဲလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်တပ်အနေဖြင့် တပ်သားသစ်ရရှိရေး ရုန်းကန် နေရပြီး ခြေလျင်တိုက်ခိုက်ရေးတပ်များတွင်ပါ မက ရေတပ်၊ လေတပ်၊ လက်ရုံးဝန်ထမ်းစစ်တပ်များပါ ဝင်ရောက်မည့်သူမရှိသလောက် ဖြစ်နေကြောင်းသိရသည်။
ထို့ပြင် စစ်အာဏာမသိမ်းမီကာလ တပ်သားသစ်စုဆောင်းရေးနှင့်ပတ်သက်သည့် ကန့်သတ်ချက်များတွင် အသက် ၁၈နှစ် မပြည့်သည်နှင့် ကိုယ် လက်အဂ်ါမစုံသည်မှလွဲ၍ ကျန်သည့် ပညာအရည်အချင်း ၄ တန်းအောင်အထိ ကန့်သတ်ချက်များပြန်လည် လျှော့ချခဲ့သည်။
ထို့ပြင် စစ်အာဏာသိမ်းပြီးနောက် လက်ရှိတာဝန်ထမ်းဆောင်နေသည့် စစ်သည်များ၏ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် သာမန်နှုတ်ဖြေခွင့် တင်ပြထားမှုများကိုပင် ယာယီဆိုင်းငံ့ထားကြောင်း သိရသည်။
ဓာတ်ပုံ -CJ
ပုံစာ – မြောက်ပိုင်းတိုင်းရှိ စစ်သည်များကို စည်းရုံးရေး ဆင်းခဲ့သော အကြမ်းဖက် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး(ပုံဟောင်း)