မြန်မာ့ကဗျာလောက၏မော်ဒန်ကဗျာဆရာကြီး အောင်ချိမ့်သည် သြဂုတ်လ၉ရက်နေ့တွင်ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းသိရသည်။
“ချိမ့်မွေးနေ့မှာ ပါးဆုံးသွားပါပြီး”ဟု ၎င်း၏သမီးဖြစ်သူက လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။
ဆရာအောင်ချိမ့်သည် လူကြီးရောဂါဖြင့်သာသေဆုံးခဲ့ရခြင်းဖြစ်ကြောင်းကဗျာဆရာအသိုင်းအဝိုင်းကအတည်ပြုသည်။
ကဗျာဆရာအောင်ချိမ့်သည် မြန်မာ့မော်ဒန်ကဗျာလောကကို ဦးဆောင်သူများထဲတွင်ပါဝင်သူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ကြီးကျယ်ခမ်းနားသည့် သက်ရှိကဗျာဆရာဟု အမှတ်ပြုကြရသည့်ကဗျာ ဆရာတစ်ဦးဖြစ်သည်။
ဆရာအောင်ချိမ့်၏ဂန္တဝင် မမ၊ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်၊ အသည်းစွဲ ကဗျာဆရာစသည့်ကဗျာများမှာ အထူးထင်ရှားကျော်ကြားသည်။အောင်ချိမ့်၊ မောင်ချောနွယ်၊ ဖော်ဝေး တို့ (၃) ဦးရေးသားခဲ့သော သစ်ရွက်အသေများပေါ်က ရက်စက်သော ဂီတမှာ အထူးထင်ရှားသော ကဗျာစာအုပ်တစ်အုပ်ဖြစ်သည်။
ဆရာအောင်ချိမ့်သည် ထင်ရှားသော ကဗျာအချို့မှာ ဂန္တဝင် မမ၊ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်၊ အသည်းစွဲ ကဗျာဆရာ တို့ဖြစ်သည်။
၁၉၄၈ခုနှစ်တွင် မွေးဖွားခဲ့သူတစ်ဦးဖြစ်ပြီးကွယ်လွန်ချိန်တွင် အသက်၇၂နှစ်ရှိပြီဖြစ်သည်။