မန္တလေးတွင် ဇူလိုင် ၂၀ ရက်နေ့က စစ်အာဏာရှင်းကိုတော်လှန်နေသည့် လူငယ်များက ဆန္ဒဖော်ထုတ်နေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ပစ်ခတ်မှုကြောင့် ဖမ်းဆီးခံရသူများရှိကာ ဒဏ်ရာရှိသူများလည်းရှိနေကြောင်း စုံစမ်းသိရသည်။
ဇူလိုင်၂၀ရက် နေ့လည်၃နာရီမှာ ချမ်းမြသာစည်မြို့နယ် ၆၉လမ်းမပေါ်မှာ ပြာပုံထဲက ဖီးနှစ်ငှက်များ သပိတ်စစ်ကြောင်းဟာ ဆန္ဒဖော်ထုတ်နေစဥ် ခွေးဘီလူးကားတစ်စီးရောက်လာပြီး ကားပေါ်ပါ အရပ်ဝတ်ဖြင့် လူများက သေနတ်နဲ့ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။
ပစ်ခတ်ခဲ့မှုကြောင့် အသက် ၂၀အရွယ်အမျိုးသား၂ဦးခြေထောက် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး၂ဦးဖမ်းဆီးခံရတယ်လို့ စုံစမ်းသိရသည်။
စစ်အာဏရှင် ဆန့်ကျင်ဆန္ဒဖော်ထုတ်တဲ့ ပြာပုံထဲက ဖီးနှစ်ငှက်များ သပိတ်စစ်ကြောင်းမှာလူငယ်များ စုပေါင်းပါဝင်တယ်လို့သိရသည်။
မန္တလေးမှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒဖော်သူများကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီးမှုများဆက်တိုက်ရှိနေသော်လည်း ဆန္ဒပြချီတက်မှုများ နေ့စဥ်ရှိနေသည်။
#ပစ်ခတ်ဖမ်းဆီး #မန္တလေး #စစ်တပ် # MPA