မန္တလေးမြို့ရှိ ကိုဗစ်ဖြစ်ရောဂါခံစားနေရသော လူနာများအတွက် စေတနာရှင်တစ်ဦးမှ စွတ်ပြုတ်နှင့် ငုံးကြော်များကို အိမ်အရောက်လှူဒါန်းမှုပြုခဲ့ကြောင်းသိရသည်။
” အာဟာရရှိအောင် စားသောက်နိုင်ဖို့ ၊ ကိုယ်ခံအားကောင်းအောင် နေထိုင်နိုင်ဖို့ နဲ့ အပြင်ထွက်ပြီး ဝယ်ဖို့အဆင်မပြေရင် အခုလှူဒါန်း ရတဲ့ အစားအသောက်က တနှပ်စာ စားဖို့အဆင်ပြေမယ် ၊ အများကြီးမလှူဒါန်းနိုင်တဲ့အတွက်လည်း စိတ်မကောင်းဖစ်မိတယ် ၊ ရံဖန်ရံခါ လှူနိုင်အောင်လည်းကြိုးစားမယ် တတ်နိုင်တဲ့ဘက်က ဝင်ကူညီတာ ပါဝင်ပေးတာပါ နေကောင်း ၊ ကျန်းမာအောင်လည်း အထူးဂရုစိုက်နေထိုင်ပေးကြပါ ” ၎င်းကပြောကြားခဲ့သည်။
ကိုဗစ်ဖြစ်နေသည့် လူနာများအိမ်သို့ ရပ်ကွက်နေမှ စားစရာများသွားရောက်ပေးပိုခြင်းများရှိသလို ချက်ပြုတ်စားသောက်ရ န်အတွက် ဆန်ဆီဆား နှင့် အသီးအရွက်များ သွားရောက်ပေးပိုသည်ကို ပြည်သူများအချင်းချင်း ကူညီလျက်ရှိသည်။
အောက်ဆီဂျင်ခက်ခဲနေသူများအတွက် လိုက်လံကူညီဆောင်ရွက်ပေးသူများ၊ နယ်မြို့များအတွက် အောက်ဆီဂျင်စက်ရုံများတည်ဆောက် ရန် လှူကြသူများ ကမကထပြဒလုပ်သူများ၊ အောက်ဆီဂျင်တန်းစီသူများကို အစားအစာနှင့် ရေသန့်အအေးများလှူဒါန်းခြင်းများကို ပြည်သူများက ပြည်သူများအချင်းချင်းက လိုက်လံကူညီဆောင်ရွက်လျက်ရှိသည်။
#MPA #COVID #ငုံးကြော် #စွတ်ပြုတ် #လှူဒါန်း
(English Below)
Soup and Fried Quail Donated at Doorsteps for COVID-19 Patients
Photo – MPA
A benefactor donated soup and fried quail at doorsteps for COVID-19 patients in Mandalay.
“For nutritious food and to keep the body strong, this will serve for one meal so that they don’t have to go out to buy things. I’m sorry that I can’t donate a lot. I’ll try to donate sometimes. I’m just helping with what I can. Also take special care of yourselves to stay healthy,” the benefactor said.
In the neighborhoods, the public are helping each other delivering foods to patients’ homes and rice, cooking oil and vegetables as well for cooking.
The people are helping each other by initiating to build oxygen factories in the townships for those who have difficulties finding oxygens and by providing food and water for those who are waiting to refill their oxygen tanks.
#MPA #COVID #Friedquail #Soup #Donation