By MPA
မြန်မာနိုင်ငံတွင်စစ်တပ်မှဖေဖော်ဝါရီလ တစ်ရက်နေ့ အာဏာသိမ်းမှုကျူးလွန်ချိန်တွင် မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့သည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ၎င်းအပေါ်စစ်တပ်မှမတရားစွဲဆိုထားသော အမှုများနှင့်ပက်သက်ပြီးဥပဒေနှင့်အညီသာဆောင်ရွက်ရန်ညွှန်ကြားကြောင်းသိရသည်။
“စစ်ဆေးတဲ့အပေါ်မှာညွန်ကြားချက်တွေပေးတာပေါ့လေ။တစ်ဖက်ကထွက်လာတဲ့အပေါ်မူတည်ပြီးမှဘယ်လိုမေးပေးပါဆိုတာမျိုးပြောပါတယ်။ဥပဒေနဲ့ပတ်သက်ရင် ဥပဒေနဲ့အညီပဲသွားဖို့ပြောပါတယ်။ကျမတို့ဘက်ကတရားရုံးအဆင့်ဆင့်ကိုတက်စရာရှိရင်လည်းတက်ဖို့သမ္မတကညွှန်ကြားပါတယ်။သူကဥပဒေနဲ့အညီသွားဖို့ဖြစ်စေချင်တာရှိပါတယ်။ကျမတို့ကိုညွှန်ကြားတာကလည်းဥပဒေနဲ့အညီသွားဖို့အတွက်ကိုပဲညွှန်ကြားပါတယ်။”နိုင်ငံတော်အကြီးအကဲများ၏ရှေ့နေဖြစ်သူရှေ့နေ ဒေါ်မင်းမင်းစိုးကပြောသည်။
ဇူလိုင်လ၆ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံ့အကြီးအကဲများဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့်နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅(ခ)နှင့် ပတ်သက်ပြီး တရားလိုကို ဆက်လက်စစ်ဆေးမည့်ကိစ္စ ရွှေ့ဆိုင်းပေးရန် တောင်းဆိုချက် ပယ်ချခံလိုက်ရသည်။ပုဒ်မ၅၀၅(ခ)နှင့် ပတ်သတ်ပြီးတရားလိုဘက်မှ NLD ပါတီ၏ ယခုနှစ်ဖေဖော်ဝါရီ၇ရက်နေ့ ရက်စွဲပါ အကြောင်းကြားစာနှင့် ယခုနှစ် ဖေဖော်ဝါရီလ၁၃ရက်နေ့ ရက်စွဲပါကြေညာချက်များကို သက်သေခံတင်သွင်းထားခြင်းကို လက်ခံခဲ့သည့်အတွက်က်နိုင်ငံတော်အကြီးအကဲများ၏ရှေ့နေများမှဇူလိုင်လ၂၉ ကန့်ကွက်ထားခဲ့ပြီးဒဏ္ခခရိုင်တရားရုံးသို့ဆက်လက်တက်ရောက်ခဲ့ပြီး ယခုကဲ့သို့ပယ်ချခံခဲ့ရခြင်းဖြစ်သည်။ဆက်လက်စစ်ဆေးမည့်ကိစ္စ ရွှေ့ဆိုင်းပေးရန် တောင်းဆိုချက်ပယ်ချလိုက်ပြီးအမှုစစ်ဆေးမှုဆက်လက်လုပ်ဆောင်ခဲ့သည်။
နိုင်ငံတော်သမ္မတအပါအဝင်နိုင်ငံခေါင်းဆောင်များသည် စစ်တပ်အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်ထိစစ်တပ်၏ထိန်းသိမ်းခြင်းကို ခံထားရပြီး မည်သည့်နေရာတွင် ထားရှိသည်ကို မည်သူမှသိရှိရခြင်းမရှိပေ။စစ်တပ်သည်နိုင်ငံတော်၏သမ္မတဦးဝင်းမြင့်ကိုသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ပုဒ်မ ၅၀၅(ခ)တို့ဖြင့်တရားစွဲဆိုထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် ၂မှု၊ ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈၊ ပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ မြန်မာနိုင်ငံလျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)တို့ဖြင့် တရားစွဲခံထားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်အမှုဖွင့်ထားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်စစ်တပ်မှ အာဏာသိမ်းယူထားသည်မှာ ၅လကျော်ရှိလာပြီး အပြစ်မဲ့ပြည်သူ ၅၀၀၀ကျော်ကိုဖမ်းဆီးထားကာစစ်တပ်၏လက်ချက်ကြောင့်သေဆုံးသူ ၈၉၀ကျော်ရှိလာပြီဖြစ်သည်။