By MPA
ပျူစောထီး(သိမ်ဇရပ်) အဖွဲ့မှ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (သိမ်ဇရပ်)- PDFT ၊သိမ်ဇရပ်မြို့ နယ် NLD ပါတီထောက်ခံသူများနှင့် CDMဝန်ထမ်း များအား တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု သဘောထား ထုတ်ပြန်ခဲ့သည်။
၄င်းတို့ ပျူစောထီး(သိမ်ဇရပ်)အဖွဲ့အား ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူလူထု ထိတ်လန့်စေရန် ဖောက်ခွဲမှုများအား PDF အဖွဲ့ မှပြုလုပ်သည်ဟုဆိုကာ ယင်းကဲ့သို့ လုပ်ဆောင် မှု များအပေါ် တုန့်ပြန်ဆောင်ရွက်မည်ဟု ရေးသားထားသည်။
၄င်းတို့အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေသတွင်းပေါက်ကွဲမှုများအား PDFအဖွဲ့နှင့် ၄င်းတို့အား ထောက်ပံ့ပေးနေသည့် သူများဖြစ်သည့် NLD ပါတီဝင် အမာခံပုဂ္ဂိုလ်များနှင့် CDM တွင် ပါဝင်သော ဝန်ထမ်းများမှ ပြုလုပ်နေသည်ဟု စွပ်စွဲထားပြီး ၄င်းတို့၏ နေအိမ်များနှင့် မိသားစု ဝင်များအား မဖြစ်မနေတုန့်ပြန်ဆောင်ရွက် မှုများ ပြုလုပ်မည်ဟု ဖော်ပြထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(သိမ်ဇရပ်)-PDFT အခြေပြုသည့် မွန်ပြည်နယ် သိမ်ဇရပ်၊ မုပ္ပလင်၊ ကျိုက်ထိုမြို့နယ်အတွင်း ပေါက်ကွဲမှုများ မကြာ ခဏဖြစ်ပေါ်နေပြီး အချို့ပေါက်ကွဲမှုများအား PDF(သိမ်ဇရပ်)မှ ၄င်းတို့ပြုလုပ်ခြင်းမရှိကြောင်းလည်း PDF(သိမ်ဇရပ်) ဖေ့ဘွတ်စာမျက် နှာတွင် သတင်းထုတ်ပြန်မှုများ ရှိကြောင်း သိရ သည်။
မြင်းခြံမြို့တွင်လည်း အလားတူ ပျူစောထီးအဖွဲ့မှ လက်တုန့်ပြန်မည်ဟု ဖော်ပြထားသော စာရင်းတွင်ပါဝင်သူ (၂) ဦး စာရင်းဖော်ပြပြီး မကြာမီတွင်ပင် သတ်ဖြတ်ခံရသည့် အခြေအနေတခုဖြစ်ပွားခဲ့သည်။
#ပျူစောထီး #သိမ်ဇရပ် #PDFT #MPA