မင်းကင်းမြို့နယ်တွင် ရွာများကိုမီးရှို့ပြီး ဒေသခံပြည်သူလူထုအားဒုက္ခပေးနေတဲ့ အင်အား၁၅၀ပါ အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ တပ်မ(၈၇) ခြေလျင်စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်များပူးပေါင်းကာ ဧပြီလ(၂၆) ရက်နေ့က တိုက်ခိုက်ခဲ့သည်။
“စစ်ကြောင်းလာမယ် သတင်းရလို့ကြိုစောင့်တိုက်တာ ကျတော်တို့ကအမြင့်ကနေနေရာယူထားတာ။ ကျွန်တော်ဘက်ကပစ်လိုက်တဲ့လက်နက်ကြီး၃လုံးထိပြီး ရှေ့ဆုံးမှတတ်လာသော ဖက်ဆစ်စစ်ခွေး၈ကောင်နေရာမှာတင်ထမလာတော့တာ။ ပြီးမှစက်သေနတ်နဲ့ပစ်တာ”ဟု DRPA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။
DRPA နှင့်FRF၊ GALAXY FORCE DEPEYIN -ပကဖ၊စစ်ကိုင်းခရိုင် ယင်း၃၊MDF၊သံပေါက်တို့ ပူးပေါင်းပြီးံနက် ၈နနာရီဝန်းကျင်တွင် ထိပ်တိုက်တွေ့တိုက်ပွဲဆင်နွဲခဲ့ကြောင်းဆက်ပြောသည်။
“သေတာ၂၁ယောက်ကအတိအကျဘဲတပ်တွင်းကသတင်းရထားပြီးပြိ။ ကျတော်တို့အညာဘက်မှာလက်နက်ရှားတယ်လက်လုပ်သေနတ်တောင်မလောက်ဘူးအခုလိုတိုက်ပွဲတွေဝင်ဖို့တခြားအဖွဲ့ကလက်နက်တွေငှါးရတယ်။ တကယ်ထိထိရောက်ရောက်လှူပေးကြပါလို့ပြောချင်တယ်”ဟု DRPA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။
၁၅မိနစ်ခန့်တိုက်ပွဲဖြစ်ပွါးရာတွင်နေရာအသာစီးရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီ စစ်သား ၂၁ ယောက်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြာခဲ့သည်။
တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဆုတ်ခွါနိုင်ခဲ့သော်လည်းဆိုင်ကယ်၂စီးမှာ တိုက်ပွဲနေရာတွင် ဆုံးရှုံးခဲ့ရကြောင်းသိရသည်။